ငြိမ်းချမ်းရေးနေ့အမီ အပစ်ရပ်မှာလား၊ ဆက်တိုက်ကြမှာလား

Tuesday, September 17, 2013

 ~





လာမယ့် ၂၁ ရက်နေ့ဟာ  ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။


စက်တင်ဘာ ၁၂ ရက်နေ့ ဧရာဝတီသတင်းတပုဒ်မှာ Fighting Escalates in Kachin State လို့ ရေးထားပါတယ်။
http://www.irrawaddy.org/archives/43904 ဆိုတဲ့ လင့်မှာပါ။
ကချင်ဒေသမှာ တိုက်ပွဲတွေ ပိုများလာတယ် ဆိုတဲ့အကြောင်း ရေးထားတာပါ။

ကချင်ပြည်နယ် ရှမ်းပြည်နယ်တို့မှာ KIA တပ်တွေနဲ့ အစိုးရတပ်တို့ ရက်အတန်ကြာ တိုက်ကြတယ် ဆိုတဲ့သတင်းတွေ  ထွက်လာခဲ့ပါတယ်။

သို့သော်လည်း ငြိမ်းချမ်းရေး အရိပ်အယောင် ထွက်လာပြန်ပါပြီ။ KIA  နဲ့ အစိုးရ ထိပ်ပိုင်းကိုယ်စားလှယ်တွေ မြစ်ကြီးနားမှာ တွေ့ကြ ဆွေးနွေးကြတယ်၊ ဆွေးနွေးပွဲမတိုင်ခင် ဗန်းမော်မြို့နားက မန်စီ ဆိုတဲ့ မြို့ငယ်လေးနားက အစိုးရတပ်တချို့ ဆုတ်ပေးတယ်
ဆိုတဲ့ သတင်း ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ မနေ့က တက်လာပါတယ်။

Troops Withdraw as KIO, Govt Delegates Meet
http://www.irrawaddy.org/archives/44059  ဆိုတဲ့ သတင်းပါ။

တနင်္လာ မနက်ပိုင်း ဆယ်နာရီလောက်မှာ အစိုးရတပ်က အင်အား နှစ်ရာကျော် ဆုတ်သွားတယ် တဲ့။

ဆွေးနွေးပွဲတွေလုပ်တယ် ဆိုတဲ့ သတင်းတွေလည်း အဆက်မပြတ် ဖတ်နေရချိန်မှာ တိုက်ကြတယ်၊ ပစ်ကြတယ်၊ သေကြတယ် ဆိုတဲ့ သတင်းတွေလည်း ရံဖန်ရံခါ ထွက်လာပါတယ်။
တိုက်ပွဲတွေ ဘ ယ်လောက်အထိ ပြင်းထန်တယ်၊ အခြေအနေ ဘယ်လို ဖြစ်နေတယ် ဆိုတာကို အစိုးရကရော KIA ဘက်ကရော ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ခြင်း မရှိပါ။
ကြိုကြားကြိုကြားပစ်ခတ်နေတဲ့ကာလမှာ တိုက်ပွဲဒေသ ပြည်သူလူထု ဘယ်လို နေထိုင်ကြရတယ် ဆိုတာနဲ့ ပတ်သက်ပြီးလည်း ဘာသတင်းမှ မကြားရပါဘူး။

လာမယ့် ၂၁ ရက်နေ့  ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အမီ KIA နဲ့ အစိုးရ အပစ်ရပ်မှာလား၊ ဆက်တိုက်ကြမှာလား ဆိုတာနဲ့ ပတ်သက်ပြီး
ကာတွန်းဆရာ ATH က အထက်ပါအတိုင်း သရုပ်ဖော် ရေးဆွဲထားတာကို ဧရာဝတီဘလော့ဖတ်သူများအတွက် တင်ပေးလိုက်ပါတယ်။


 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved