အဂတိလိုက်စားမှု ဥပဒေ ဒီကနေ့က စပြီး အာဏာတည်ပြီ

Tuesday, September 17, 2013

သမ္မတ ဦးသိန်းစိန် ကြုံးဝါးနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နဲ့ပတ်သက်လို့ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့စွဲနဲ့ ဥပဒေ အာဏာတည်တဲ့ နေ့ရက်သတ်မှတ်တဲ့ အမိန့် ထုတ်ပြန်လိုက်ပါပြီ။ 




ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က စတင်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဟာ စတင် အာဏာသက်ဝင်သွားပြီဖြစ်ပါတယ်။ 

ဥပဒေ သဘောအရ အရင်တုန်းက အဂတိလိုက်စားမှုတွေ ကျူးလွန်ရင်ရော ဒီဥပဒေက ဘယ်လို အရေးယူလို့ ရမယ်ဆိုတာ သေချာ မရှင်းလင်းသလို ဒီကနေ့ကစပြီး အဂတိလိုက်စားသူဟာ ဒီဥပဒေနဲ့ အရေုးယူ အပြစ်ပေးလို့ ရတဲ့သဘောအဖြစ် မှတ်ယူလို့ရတဲ့ အနေအထားပါ။ 

တဖက်ကလည်း နှစ်ပေါင်းများစွာ အဂတိလိုက်စားမှုတွေ အလွန်များခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီ ဥပဒေနဲ့ ဘယ်သူတွေ စံပြအဖြစ် အရေးယူခံရမလဲ  ဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်မှာ ဖော်ပြထားတာကို ပြန် လည် ကူးယူဖော်ပြလိုက်ပါတယ်။



 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
 နိုင်ငံတော်သမ္မတရုံး 
အမိန့်ကြော်ငြာစာ အမှတ်၊ ၇၃/ ၂၀၁၃ 
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် (၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်) 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေသည် ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၁၇ ရက် (၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်) နေ့မှစတင်၍ အာဏာတည်သည်ဟု သတ်မှတ် လိုက်သည်။ 


 (ပုံ) သိန်းစိန် 

 နိုင်ငံတော်သမ္မတ 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved