ခင်ဝင့်ဝါ နဲ့ သက်မွန်မြင့်

Monday, September 9, 2013



 ~



သက်မွန်မြင့်ရဲ့ Facebook မှာ  ခင်ဝင့်ဝါ နဲ့ တွဲရိုက်ထားတဲ့ပုံတွေ ဒီမနက် (တနင်္လာမနက်)မှာ တက်လာပါတယ်။ 
 



သူတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုအတိုင်းအတာ ဘယ်လောက်ရှိတယ် ဆိုတာ မသိရသေးပါဘူး။
ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ခင်ဝင့်ဝါကို ဂုဏ်ပြုပွဲ ပြုလုပ်ကြစဉ် ရိုက်ကူးထားတဲ့ပုံတွေ ဖြစ်ပုံရပါတယ်။

ခင်ဝင့်ဝါက နိုင်ငံတကာမယ်ပြိုင်ပွဲတခုမှာ ဆုတွေရပြီး မနေ့က မနက်ပိုင်းမှာ ရန်ကုန် ပြန်ရောက်လာတာပါ။


 သက်မွန်မြင့်က ဇာတ်ကားတွေ အဆက်မပြတ် ရိုက်ကူးနေရတဲ့၊ လူချစ်လူခင်များတဲ့ သရုပ်ဆောင်ဖြစ်သလို
ခင်ဝင့်ဝါကလည်း အင်တာနက်သုံးတဲ့မြန်မာပရိသတ်တို့ နှစ်သက်ကြတဲ့ အလှမယ် ဖြစ်ပါတယ်။
 



ခင်ဝင့်ဝါရဲ့ပုံရိပ်များကို စီးပွားရေးလုပ်ငန်းကြော်ငြာများမှာ တွေ့လာရဖွယ် ရှိပါတယ်။

သရုပ်ဆောင်တဲ့အတတ်ပညာ ပိုင်နိုင်မယ် ဆိုရင်တော့ ရုပ်ရှင်/ဗီဒီယိုလောကထဲကိုလည်း သူ ရောက်သွားမှာပါ။ 

သူက ပြိုင်ပွဲမှာ သရဖူကြီးမဆောင်းခဲ့ပေမယ့် ဆန်ကာတင် ၂ဝ စာရင်းထဲ ဝင်ခဲ့သူပါ။

ခင်ဝင့်ဝါ Miss Internet ဆု ဆွတ်ခူး ရယူခဲ့ကြောင်း သတင်းကိုတော့ ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/09/miss-internet_7.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

ရန်ကုန်ကို မပြန်ခင် စနေနေ့ကတော့ ခင်ဝင့်ဝါက သူ့Facebook မှာ အခုလို မှတ်ချက် ရေးထားခဲ့တာ တွေ့ရပါတယ်။

"ညီမ စကာတင်(၂၀)ထဲမှာပါဝင်ခဲ့ပြီး Miss Internet ဆုရတဲ့အတွက် ၀မ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်... ဒီဆုတွေက ပရိသတ်ကြီး ပေးခဲ့တဲ့ဆုပါ... ညီမ အနေနဲ့ ဆုငွေအားလုံးကို ပရဟိတ အလှူဒါနပြုသွားမှာဖြစ်ပါတယ်...
ညီမ မြန်မာပြည်ကို ရောက်တဲ့အခါ ညီမကို မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေလုပ်သွားမှာပါ...
အဲဒီက ရရှိလာတဲ့ဝင်ငွေရဲ့ ၃၀ရာခိုင်နှုန်းကို လူမှုအကျိုးပြု ပရဟိတအလုပ်တွေ အတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်...
ညီမ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မြန်မာတစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်ရှင့်... ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်...
"
 
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved