~
ဒီမနက် ၁၀ နာရီဝန်းကျင်က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း နဲ့ ၃၇ လမ်းကြားထဲက ရေမြောင်းပေါ်မှာ မှောက်လျက်အနေအထားနဲ့တွေ့ရတဲ့ အမျိုးသားတဦးကို လူအများ ခပ်လှမ်းလှမ်းကနေ ဝိုင်းအုံကြည့်၊ ဓာတ်ပုံရိုက်နေကြပါတယ်။
အောင်ဘာလေထီရုံးဘေးကလမ်းကြားထဲမှာပါ။
အဲဒီအမျိုးသား သေဆုံးနေပြီ၊ အထပ်မြင့်တနေရာက ပြုတ်ကျ/ခုန်ချတာ စသဖြင့် အမျိုးမျိုး ထင်ကြေးပေးသံတွေ ကြားရပါတယ်။
ကျောက်တံတားရဲစခန်းက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီးသွားပြီ ဆိုတဲ့ ပြောဆိုသူလည်း ရှိပါတယ်။
အခုလောက် ဆိုရင်တော့ အဲဒီနေရာကို လိုအပ်သလို ရှင်းလင်းပြီးသွားပြီလို့ ယူဆရပါတယ်။
ပြုတ်ကျတယ်ဆိုရင် ဘယ်နေရာက ပြုတ်ကျတာလဲ?
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို မကြာခင် သိရတော့မယ်လို့ ယူဆရပါတယ်။

ဒါကတော့ ... အောင်ဘာလေရုံးနဲ့ ကပ်ချက်တိုက်ကို ပန်းဆိုးတန်း မီးပွိုင့်ကနေ လှမ်းမြင်ရပုံ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၈ နေ့ခင်း ဖြည့်စွက်ချက်
.
ဒီမနက် ၁၀ နာရီဝန်းကျင်က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း နဲ့ ၃၇ လမ်းကြားထဲက ရေမြောင်းပေါ်မှာ မှောက်လျက်အနေအထားနဲ့တွေ့ရတဲ့ အမျိုးသားတဦးကို လူအများ ခပ်လှမ်းလှမ်းကနေ ဝိုင်းအုံကြည့်၊ ဓာတ်ပုံရိုက်နေကြပါတယ်။

အဲဒီအမျိုးသား သေဆုံးနေပြီ၊ အထပ်မြင့်တနေရာက ပြုတ်ကျ/ခုန်ချတာ စသဖြင့် အမျိုးမျိုး ထင်ကြေးပေးသံတွေ ကြားရပါတယ်။
ကျောက်တံတားရဲစခန်းက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီးသွားပြီ ဆိုတဲ့ ပြောဆိုသူလည်း ရှိပါတယ်။
အခုလောက် ဆိုရင်တော့ အဲဒီနေရာကို လိုအပ်သလို ရှင်းလင်းပြီးသွားပြီလို့ ယူဆရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို မကြာခင် သိရတော့မယ်လို့ ယူဆရပါတယ်။

ဒါကတော့ ... အောင်ဘာလေရုံးနဲ့ ကပ်ချက်တိုက်ကို ပန်းဆိုးတန်း မီးပွိုင့်ကနေ လှမ်းမြင်ရပုံ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၈ နေ့ခင်း ဖြည့်စွက်ချက်
ဒီကနေ့ ကြေးမုံ/မြန်မာ့အလင်း သတင်းစာတို့မှာ ဖော်ပြထားချက်အရ ဆိုရင် နောက်ဖေးလမ်းကြားထဲ ကျနေသူဟာ အသက် ၂၅ နှစ်အရွယ် စော်ရှီလာ ဆိုသူ ဖြစ်ပါတယ်။ ပုသိမ်မြို့နယ်က လာတဲ့သူပါ။ Kyaw Home Mart အရောင်းစာရေးဝန်ထမ်းဖြစ်တယ်၊ သူနေထိုင်ရာ ငါးလွှာအမြင့်ကနေ ပြုတ်ကျသေဆုံးတယ် ဆိုပြီး ကျောက်တံတားမြို့နယ်ရဲအရာရှိကို ကိုးကား ရေးသားထားပါတယ်။ ရုပ်အလောင်းကို နာရေးကူညီမှုအသင်းရဲ့အစီအစဉ်နဲ့ ရန်ကုန်ဆေးရုံကြီးပို့လိုက်တယ်လို့ ဆိုပါတယ်။
.
0 comments :
Post a Comment