မန်းတိုင်း အစိုးရအဖွဲ့ဝင်တဦး နေပြည်တော်ကောင်စီဝင်ဖြစ်လာ

Tuesday, September 10, 2013

.

မန္တလေး တိုင်း အစိုးရ အဖွဲ့ဝင် ဦးဖုန်းဇော်ဟန်ကို နေပြည်တော် ကောင်စီဝင် အဖြစ် စက်တင်ဘာ လ ၉ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။ 



အမိန့် အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်က ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။ 


 နိုင်ငံတော်သမ္မတရုံး 

အမိန့်အမှတ် ၊၄၁/၂၀၁၃ 
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် 
(၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ ၉ ရက်) 

 နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်း 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၂ နှင့် နေပြည်တော်ကောင်စီ ဥပဒေပုဒ်မ ၄ တို့ပါ ပြဌာန်းချက်များအရ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန် အား နေပြည်တော် ကောင်စီ ကောင်စီဝင် အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။





(ပုံ)သိန်းစိန် 

 နိုင်ငံတော်သမ္မတ 

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved