အဲဒီ ယာဉ်တိုက်မှု ဖြစ်ခဲ့တာကလည်း တံတားတစင်းပေါ်မှာပါ။ ယာဉ်တိုက်မှုဟာ ၁၀ မိနစ်တောင် ကြာခဲ့ပါတယ်။ ယာဉ်တိုက်မှု ဖြစ်ချိန်က မြူနှင်းတွေ ထူထပ်နေတာ ကြောင့် အခုလို ဖြစ်ခဲ့ရတာလို့ မေးလ် အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် လူအသေအပျောက် မရှိခဲ့ပေမယ့် ထိခိုက် ဒဏ်ရာသူတွေကတော့ ၂၀၀ ကျော်ရှိ ပါတယ်။ အဲဒီ အထဲက ၆ ယောက်က စိုးရိမ်ရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် အဲဒီ တံတားကို မိနစ် အနည်းငယ် ကြာ ပိတ်ထားလိုက်ရပါတယ်တဲ့။
မြန်မာနိုင်ငံမှာတော့ ဒီလောက် ဆိုးတဲ့ ယာဉ်တိုက်မှုမျိုး မရှိတာကိုပဲ ကံကောင်းနေပြီလို့ ပြောရမှာပါ။ မြူနှင်းလည်း ထူထူထဲထဲ မကျတဲ့ ရာသီဥတုက မြန်မာပြည်အတွက် ကံကောင်းတယ် ဆိုရမလားပါပဲ။
အိမ့်သံစဉ် ~
ယာဉ်တိုက်မှု မှတ်တမ်း ဓာတ်ပုံတွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။
ဲမြန်မာပြည်က လက်တစုပ်စာလောက်ရှိတဲ့ကားနဲ့  စုတ်ပြတ်နေတဲ့လမ်းတွေနဲ့  ဒီလို ဖြစ်စရာအကြောင်းမရှိပါ။
မြန်မာပြည်မှာ ကားလမ်းကျပ်တာဆိုတာ.. လမ်းတည်ဆောက်ပုံ စနစ်မကျလို့ ဖြစ်တာပါ။
ရန်ကုန်က ကားများတယ်ဆိုတာ တခြားဖွံဖြိုးပြီး နိုင်ငံတခုက ရွာတခုစာလောက်က ကားအရေအတွေတောင်မရှိပါ။