ကိုဝင်းဇော်ဦး ခွဲစိပ်မှု အောင်မြင်လို့ မြန်မာပြည် ပြန်လာပြီ

Friday, September 27, 2013

ဟိုးမုန်းပြောင်းလဲမှု ကြောင့် ကြီးထွားမှု မြင့်မားနေသူ ကိုဝင်းဇော်ဦးဟာ မြန်မာနိုင်ငံကဆရာဝန်ကြီးတွေရဲ့ ကြီးကြပ် စောင့်ရှောက်မှုနဲ့ စင်ကာပူနိုင်ငံမှာ သွားရောက် ခွဲစိတ်ခံယူမှု အောင်မြင် လို့ မြန်မာပြည်ကို 
ပြန် လာပြီ ဆိုတဲ့ အကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။



အသက် ၃၆ နှစ်အရွယ် ကိုဝင်းဇော်ဦးဟာ အရပ် ၇ ပေ ၁၀ လက်မ ရှိလာတာဟာ ရောဂါကြောင့် ကြီးထွား
နေတာဖြစ်ပြီး ခွဲစိတ်ကုသမှု မခံယူနိုင်ရင်တော့ အသက် ဆုံးရှုံးရဖွယ်ရှိပါတယ်တဲ့။

ဒါကြောင့် အလှူရှင်တွေရဲ့ ကုညီမှုကြောင့် အခုလို ခွဲစိတ်ခဲ့ရတာ ဖြစ်ပြီး အခုတော့ ကိုဝင်းဇော်ဦး ဟာ  မြန်မာနိုင်ငံကို စက်တင်ဘာလ ၂၆ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါပြီ။

ခွဲစိတ်ကုသနေချိန်မှာလည်း စင်ကာပူမှာရှိတဲ့ ဆရာန်ကြီးတွေရဲ့ ဂရုစိုက်ကုသပေးမှု့ကြောင့် ယခုလို
အောင်မြင်စွာ ခွဲစိတ်လာနိုင်ခဲ့တာပါတဲ့။ 

ခွဲစိတ်မှုကို  ၈ နာရီကြာ ခွဲစိတ်ခဲ့ရပါတယ်တဲ့။ ကိုဝင်းဇော်ဦးရဲ့ ခွဲစိတ်မှု့ကို မြန်မာနိုင်ငံမှသာမက ကမ္ဘာကပါ စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။ 

ခွဲစိတ်မှု ကုန်ကျငွေကတော့ မြန်မာငွေကျပ် သိန်း ၆၀၀ ကုန်ကျပါတယ်လို့ဖော်ပြထားပါတယ်။ 

ကိုဝင်းဇော်ဦးကတော့ ဇာတိပြန်ရောက်ရင်တော့ ဘာသာရေးကိုပဲ ဆက်လက် လုပ်ဆောင်သွားဖို့ ပဲ ရှိပါ တယ်လို့ပြောထားပါတယ်။ 

အိမ့်သံစဉ် ~


 ဓာတ်ပုံ- Dr Khin Maung Win~~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved