ရှစ်လေးလုံးလှုပ်ရှားမှု နိုင်ငံရေးသမိုင်းမှာ အရေးကြီးကြောင်း ဦးသိန်းစိန်ပြော

Sunday, September 1, 2013

သမ္မတ ဦးသိန်းစိန်ဟာ အခါအားလျော်စွာ ရေဒီယိုကတဆင့် ပြည်သူမိန့်ခွန်း ပြောကြားလေ့ရှိရာမှာ အခု စက်တင်ဘာလ အတွက် ပြောကြားရာမှာ ရှစ်လေးလုံး ဒီမိုကရေစီ
အရေးတော်ပုံကြီးကိုလည်း အသိအမှတ်ပြု အလေးထားကြောင်း ထည့်သွင်း ပြော ဆိုသွားပါတယ်။






 "ယခု လဆန်းပိုင်းက ကျင်းပခဲ့တဲ့ ရှစ်ဆယ့် ရှစ်ခုနှစ် လူထု လှုပ်ရှားမှု ၂၅ နှစ်ပြည့် အခမ်းအနားဟာ ဆိုရင် ကျနော်တို့ နိုင်ငံရေး သမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စ တခုဖြစ်ပါတယ်။ ဒီလို ကျင်းပနိုင်ခြင်းဟာ မိမိတို့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ယခင်ကာလ များက မရရှိဖူးသေးတဲ့ သဘောထား မတူညီသူများ အတူ လက်တွဲ လုပ်ဆောင်နိုင်မယ်ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု သစ်တရပ်ကို တက်လှမ်း နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီတက်လှမ်းနိုင်မှုကို ကျနော့်အနေနဲ့ အသိအမှတ်ပြု အလေး ထားကြောင်းကိုလည်း တဆက်တည်း ပြောကြားလိုပါတယ်" လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။  

တရားစီရင်ရေး မဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်း ခိုင်မာ လာအောင် ကြိုးစားဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေလည်း ထည့်သွင်း ပြောကြားသွားပါတယ်။ 

 အခု ရေဒီယို မိန့်ခွန်းပြောကြားမှုဟာ ယမန်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပေါ် တွေ့ဆုံပြီး ပြောကြားတဲ့ မိန့်ခွန်းလည်းဖြစ်ပါတယ်။ 

အပြည့်အစုံကို နားဆင်ကြည့်ကြပါ။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တင်ပြထားတဲ့အတိုင်း ပြန်လည် တင်ပြပေးလိုက်ပါတယ်။

  

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved