ဒုဝန်ကြီး မန်ယူ ဦးရဲထွဋ်

Wednesday, September 18, 2013

 ~




 မန်ယူ အသင်း တိုက်စစ်မှူး ၀ိန်းရွန်နီ သွင်းဂိုး ၂၀၀ ပြည့်သွားပြီ ဆိုတဲ့ သတင်းကို  မျှဝေခံစားနေကြတဲ့ မန်ယူပရိသတ်များကြားမှာ မြန်မာပြည်က Facebook ဒုဝန်ကြီး ဦးရဲထွဋ်လည်း ထိပ်တန်းက ပါဝင်နေတာ တွေ့ရပါတယ်။
 


သူ့ရဲ့  Facebook  မှာ ပြီးခဲ့တဲ့ တနာရီစွန်းစွန်းက Wayne Rooney , 200 goals and counting... ဆိုတဲ့ မှတ်ချက်နဲ့အတူ ၀ိန်းရွန်နီရဲ့ပုံကို ၀င့်ကြွားစွာ တင်လိုက်ပါတယ်။

"ဒီနေရာတော့သဘေားထားချင်းတိုက်ဆိုင်သွားပြီ" လို့ တယောက်က ချက်ချင်း မှတ်ချက်ဝင်ပေးတာ ဖတ်လိုက်ရပါတယ်။

ပြီးတော့ ...
"အကြိုက်ချင်းတော့ တူနေပီ"
"manU ပရိတ်သတ်ပဲလား အဘ က"
"Owen Gokey ဒီနေ ရာ မှာ တော့ Same fan.......ပါလား"
"ဝန်ကြီး လည်း မန်ယူ ဟ Likeeeee eeeeee"
"လိုင်း ပြောင်းသွားပီလားဗျ"
 "မန်ဖန်ပဲ..ထင်တယ်. အကြိုက်ချင်တူနေတယ်"
"တူတာတွေတော့ Like ပါ။မတူတာတွေတော့???"
"ဦးရဲထွဋ်ကမန်ယူဖန်ဆိုတော့Likeတစ်ခါတည်းလုပ်ရတာအားမရဘူးဗျာ။ဒီတစ်ခါတော့Like×10000000"

 စသဖြင့် စသဖြင့် မှတ်ချက်တွေ တက်လာပါတယ်။

(ဦးရဲထွဋ်Facebook မှာ အခုလေးတင် တက်လာတဲ့ ဓာတ်ပုံနဲ့စာသားကို အားပေးသူ အများအပြား ရှိနေတာ တွေ့ရပါတယ်။)


Facebook မှာ ခံစားချက်တွေ အမြင်တွေကို တင်လေ့ရှိတဲ့ သမ္မတပြောခွင့်ရအရာရှိ၊ ဒုဝန်ကြီး ဦးရဲထွဋ်က သူ ဘာဝါသနာပါသလဲ ဆိုတာကို ဓာတ်ပုံတပုံ တင်လိုက်တဲ့နည်းနဲ့ လူသိခံလိုက်တာ ဖြစ်ပါတယ်။
တကယ်ပဲ ဘောလုံးပွဲကြည့်တာ ၀ါသနာ ပါမပါ၊ မန်ယူအသင်းပရိသတ် ဟုတ်မဟုတ်၊ ၀ိန်းရွန်နီခရေဇီဟုတ်မဟုတ် ဆိုတာကိုတော့ ယတိပြတ် မပြောနိုင်သေးပါဘူး။

တိုက်စစ်မှူး ၀ိန်းရွန်နီအကြောင်းကိုတော့ ဧရာဝတီသတင်းတပုဒ်မှာ အခုလို တွေ့ရပါတယ် ...

၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားတွင် အနီကတ်ဖြင့် ထွက်ခဲ့ရသည့် အင်္ဂလန် အသင်း၏ အဓိက ရှေ့တန်း တိုက်စစ်မှူး ရွန်နီ၏ ဂိုးသွင်း စွမ်းရည်မှာ ယခုအခါ ပို၍ တိုးတက်လာသည်။ ယခင်က ခေါင်းတိုက်ဂိုးများ သွင်းယူနိုင်ခြင်းမရှိသော်လည်း ၂၀၀၉ ခုနှစ် တွင်မှု  ၉ ဂိုးအထိ သွင်းယူထားသည်။ ၂၀၀၉-၁၀ အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ် ကလပ်အသင်း ဘောလုံးပြိုင်ပွဲတွင် ၂၆ ဂိုး သွင်းယူခဲ့ကာ ပြိုင်ပွဲတွင် ဒုတိယ ဂိုးအများဆုံးသွင်းယူသူ တဦးဖြစ်လာသည်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved