စောရှီလာသေဆုံးခြင်းက မတော်တဆမှု ဖြစ်နိုင်

Friday, September 20, 2013

 ~



အင်္ဂါနေ့က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း နောက်ဖေးလမ်းကြားတနေရာမှာ အသက် ၂၅ နှစ်အရွယ်  စောရှီလာရဲ့ ရုပ်အလောင်းကို တွေ့ကြရပါတယ်။


သူသေဆုံးမှုနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းကို ဒီကနေ့ နံနက် သွားရောက်မေးမြန်းရာမှာ ...

 ဒါဟာ  မတော်တဆမှု ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း တာဝန်ကျ ရဲအရာရှိတဦးက ပြောပြပါတယ်။
စောရှီလာက အိမ်နီးချင်း၊ လုပ်ဖော်ကိုင်ဘက်များနဲ့လည်း အဆင်ပြေခဲ့သူဖြစ်တယ် - ရန်ငြိုးရန်စ မရှိဘူးလို့ သိရကြောင်း၊
အမှုကိုတော့ ဆက်လက် စုံစမ်းနေပါကြောင်း
သူက ဆက်ပြောပါတယ်။ 

နယ်မြို့တွေနဲ့ မတူတာကတော့ အထပ်မြင့်တိုက် အများအပြားရှိတဲ့ ရန်ကုန်မှာ ဒီလို အမှုတွေနဲ့ ကြုံရတတ်ပါတယ်။

ပေါ်ပြူလာသတင်းဂျာနယ်ရဲ့ အွန်လိုင်းမှာတော့ "ရန်ကုန်တိုင်းဒေသကြီးအတွင်း အမြင့်ပေါ်မှ ပြုတ်ကျသေဆုံးမှုမှာ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ် ၁ လပိုင်းအထိ ၁၁၁ ယောက် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်"  လို့ ရေးထားပါတယ်။

ဆက်စပ်သတင်း

လူအုံနေတဲ့ ပန်းဆိုးတန်း နောက်ဖေးလမ်းကြားထဲက မြင်ကွင်း 

http://blog.irrawaddy.org/2013/09/blog-post_5072.html 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved