တရုတ်ပြည် သွားပြိုင်မယ့် ခင်လပြည့်ဇော်

Friday, September 20, 2013

 ~



 

Miss Tourism Queen International ပြိုင်ပွဲသွားမယ့် မြန်မာ့မော်ဒယ်က ခင်လပြည့်ဇော် ဖြစ်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ ပြိုင်ပွဲအတွက် သဘက်ခါ တနင်္ဂနွေနေ့ တရုတ်နိုင်ငံ Xianning မြို့ကို အရောက်သွားပြိုင်ရပါမယ် တဲ့။


ဒီကနေ့မနက် မော်ဒယ် ခင်လပြည့်ဇော်နဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ပါတယ်။

"Stars & Models Int'l မှ နုပျိုလတ်ဆတ်သော စူပါမော်ဒယ် အယောက် (၃၀)၏ ဓာတ်ပုံများကို ပြိုင်ပွဲ ကျင်းပသည့် Organizer ထံ ပို့ပြီး ရွေးချယ်မှု" ပြုခဲ့တယ်လို့ မိတ်ဆက်ပွဲမှာ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာ ရေးထားပါတယ်။

ခင်လပြည့်ဇော်က အသက် ၁၈ နှစ် ပြည့်ပြီးပြီ၊ တက္ကသိုလ်ကျောင်းသူဖြစ်တယ်၊ "နောင်ကိုလည်း နိုင်ငံတကာသို့ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်" လို့ ရေးထားတာ တွေ့ရပါတယ်။

ခင်လပြည့်ဇော်က ကိုရီးယားမှာကျင်းပခဲ့တဲ့ Asia New Star Models Contact 2012 မှာ သွားပြိုင်ခဲ့ဖူးပါတယ် တဲ့။
Xianning မြို့ သွားမယ့် ခင်လပြည့်ဇော်ရဲ့ ခြေလှမ်းတွေအကြောင်း နဲ့ ဓာတ်ပုံများကို ဒီဘလော့မှာရော ဧရာဝတီ ပင်မ စာမျက်နှာမှာပါ ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved