ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ ဘယ်သူတွေ၊ ဘာတွေ ဆွေးနွေး

Sunday, September 8, 2013

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးဘက်က ၀င်ရောက် စွက်ဖက်တာ တွေ မပြုလုပ်ရေး စတဲ့ ဥပဒေ ဆိုင်ရာ ကိစ္စတွေကို မနေ့က ရန်ကုန်မြို့ အင်းယားလမ်းက လွှတ်တော် ရုံးခွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။ 

 မနေ့က ရန်ကုန် လွှတ်တော်ရုံးခွဲ ဆွေးနွေးပွဲက ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- NLD

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနန္ဒကျော်စွာ၊ သူရ ဦးအောင်ကို အပါအ၀င် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးမြင့်အောင်၊ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်စံမြင့်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ NLD က သတင်း ထုတ်ပြန် ထားပါတယ်။ 


ဒီအပြင် တရားရေး ၀န်ထမ်းဟောင်းတွေ၊ ရှေ့နေ ကွန်ယက်က သူတွေ၊ အခြား စိတ်ဝင်စားသူတွေလည်း တက်ခဲ့ကြတာပါ။ 

“ဆွေးနွေးကြရာတွင် တရားစီရင်ရေး နယ်ပယ်အပေါ် အုပ်ချုပ်ရေး နယ်ပယ်မှ မစွက်ဖက်ရန်၊ အာဏာ သြဇာ သုံးခြင်း (သို့) တရားသူကြီးများမှ အဂတိလိုက်စားခြင်း ကိစ္စရပ်များ၊ တရား ဥပဒေ စိုးမိုးရေး
နှင့် ပြည်သူ့ ရဲတပ်ဖွဲ့ လုပ်ငန်းများ၊၂၀၀၈ ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရန် ပြင်ဆင် သင့်သော နောက်ဆက်တွဲ ဥပဒေများ၊ ဆွေးနွေးကြသည်” လို့ NLD ဖေ့စ်ဘုတ်စာမျက်နှာက ရေးထား ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက်တွေကိုလည်း ဆက်လက်ဖော်ပြပေးသွားမယ်လို့ ပြောထားပါတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved