ဖြစ်ခဲ့တာက ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ စင်တင်ဘာလ ၁၀ ရက်နေ့က စတိုးဆိုင် တဆိုင် မှာ ဈေးဝယ် ဟန် ဆောင်လာတဲ့ အမျိုးသားတဦးက ဆိုင်မှာ ရှိတဲ့ အသက် ၅၀ အရွယ် ဒေါ်မြင့်မြင့်ရှိန်ကို ချွန်ထက်တဲ့ အရာနဲ့ ထိုး ခဲ့ပြီး အဲဒီ အမည်မသိ အဲဒီအမျိုးသားက ထွက်ပြောသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာ ရသူ ဒေါ်မြင့်မြင့်ရှိန်က အခု အတွင်းလူနာအဖြစ် ဆေးကုသနေရတယ်လို့ ဆိုပါတယ်။
ဒီအမှုဖြစ်စဉ်ကို ရဲစခန်းကို တိုင်တန်းလာတဲ့အတွက် အမှုဖွင့်ကာ အချက်အလက်တွေ စုဆောင်းပြီး စုံစမ်း ရှာဖွေခဲ့ရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့က တရားခံလို့ယူဆရတဲ့သူ ၄ ဦးကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ ဖေ့စ်ဘုတ်က ဖော်ပြထားပါတယ်။
“၁၈.၉.၂၀၁၃ ရက်နေ့တွင် ပြစ်မှုကျူး လွန်သူများဖြစ်သည့် ကြေးစား မြင့်အေး(ဘ)ဦးဖိုးကြည်၊ (လိပ်စာ အတည် တကျ မရှိသူ)နှင့် ဒါးပိန်မြို့နေသူများဖြစ်သည့် စီစဉ်ပေးသူလှမောင်(ဘ) ဦးသောင်းငွေ၊ ငွေပေး
စေခိုင်း သူ သားအဖ ဖြစ် သည့် ဦးပေါက်(ခ)မြင့်လွင်၊(ဘ)ဦးပုနှင့် ၎င်း၏သားဖြစ်သူ ဇင်သန့် (ခ) ဇင်သန့်အောင် တို့(၄)ဦးအား စုံစမ်းရှာဖွေကာ အသီးသီးဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် စူပါရုဗင် (တက္ကစီ)ယာဉ်နှင့် အခြား ဆက် စပ် သက်သေခံပစ္စည်းများအား သိမ်းဆည်းရ မိခဲ့ပါသည်”လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဖေ့စ်ဘုတ် ဖော်ပြပါတယ်။
ရဲစစ်ဆေးချက်တွေဖော်ပြရာမှာ ကြေးစား လူသတ်သမား ငှားရမ်းမှုတခုအဖြစ် ပေါ်ပေါက်တယ်လို့ ဆိုပါ တယ်။
“ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အမှုမှ ဓါးဖြင့်ထိုးခြင်းခံရသူ ဒေါ်မြင့်မြင့်ရှိန်နှင့် စားသောက်ဆိုင် ကိစ္စ စကားများ ကာ တောင် ဥက္ကလာပမြို့နယ် တရားရုံးတွင် အပြန်အလှန် အမှုရင်ဆိုင်နေသူ မြင့်လွင် (ဒေါ်မြင့်မြင့်ရှိန်၏ အစ်မဖြစ်သူ ဒေါ်ခင်ခင်စိန်၏ခင်ပွန်း) နှင့် သားဖြစ်သူ ဇင်သန့်အောင်တို့သည် အမှု ရှုံးမည် စိုးသောကြောင့် လှမောင် (မြင့်လွင်နှင့် ညီအစ်ကို ၀မ်းကွဲ တော်သူ) နှင့် တိုင်ပင်ခဲ့ပြီး လှမောင် မှလူငှား၍ သတ်ရန် အကြံပေးကာ မြင့်အေးနှင့် ဆက်သွယ် ပေးခဲ့ ကြောင်း”လို့လည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့
ဖေ့စ်ဘုတ်မှာ ဖော်ပြပါတယ်။
ဒီသတင်းအရ မြန်မာနိုင်ငံမှာ ကြေးစားလူသတ်မှုတွေ ရှိနေတယ်ဆိုတာ အထင်အရှားဖြစ်စေတာမို့
ပေါ်ပေါက်တဲ့ အမှု မျိုးတွေ ရှိသလို အမှုမှန် မပေါ်ပေါက်ဘဲ ဆွေးသွားတဲ့ အမှုတွေ ဘယ်လောက်များသလဲ ဆိုတာ သေချာ မသိနိုင်ပါဘူး။
အိမ့်သံစဉ် ~
0 comments :
Post a Comment