ခင်ဝင့်ဝါ Miss Internet ဆုရခဲ့ရင် ...

Thursday, September 5, 2013

 ~
~


Miss Supranational ပြိုင်ပွဲကို စီစဉ်သူတွေက သူတို့ဝက်ဆိုက်ကနေ တရားဝင် မဲပေးနိုင်တဲ့နည်းလမ်းကို ပြီးခဲ့တဲ့နာရီပိုင်းလေးတင် အောင်မြင်စွာ အကောင်အထည်ဖော်လိုက်ပါတယ်။
ပြိုင်ပွဲက ဗိုလ်လုပွဲနားကပ်နေပြီ၊ အခုမှ ဒီလို စီစဉ်တယ်ဆိုတော့ သူတို့ဆီမှာ နည်းပညာအခက်အခဲ ဖြစ်နေတာများလား။


(ခင်ဝင့်ဝါနဲ့ သူ့ပြိုင်ဘက်များ)


မဲထည့်နိုင်မယ့် နေရာက http://www.misssupranational.com/VotingPage.html ဖြစ်ပါတယ်။
မဲထည့်နိုင်တဲ့ နည်းလမ်းကို ဒီ ဧရာဝတီဘလော့ http://blog.irrawaddy.org/ မှာ လာမယ့်မိနစ်ပိုင်းအတွင်း  ဖော်ပြပေးပါမယ်။

အခုတော့ မြန်မာပြည်က သွားပြိုင်တဲ့ ခင်ဝင့်ဝါကတော့ ဖေ့စ်ဘုတ်ကနေ ပရိသတ်ကြီးကို အခုလို ပြောပြထားပါတယ် ...

ညီမ အစက official voting မှာ မဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။
အဲဒါကလည်း ညီမကိုချစ်တဲ့ပရိသတ်ကြီးကို စော်ကားတဲ့စိတ်နဲ့တွေးမိတာ မဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit/Debit Card အွန်လိုင်းငွေချေစနစ်ဆိုတာ မတွင်ကျယ်သလို ပရိသတ်ကြီး ပိုက်ဆံကုန်မှာစိုးလို့ ပါ။
နောက်ပြီး နိုင်ငံတကာက နိုင်ငံသားတိုင်းမှာက credit/debit card အားလုံးမှာရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့တာပါ။

အခု ညီမကို ချစ်တဲ့ ပြည်ပက မြန်မာမျိုးချစ်ပရိသတ်ကြီးတွေက ညီမအတွက် ပိုက်ဆံတွေအကုန်ခံပြီး မဲပေးကြတဲ့အတွက် ညီမ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်ရှင့်။
ပရိသတ်ကြီးတို့ ကုန်သွားတဲ့ပိုက်ဆံတွေ အလကား မဖြစ်ရအောင် ညီမ Miss Internet ဆုရခဲ့ရင် ဆုရတဲ့ငွေ အားလုံးကို ပရဟိတလုပ်ပြီး လှူပါမယ်ရှင့်။
ညီမကို မျှော်လင့်ချက် အားမာန်တွေယုံကြည်မှုတွေ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့ပရိသတ်ကြီးရဲ့ ကျေးဇူးကို ညီမမမေ့ပါဘူး။
နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ရှင်။ ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်.....

 

 



.

1 comments :

  1. zaw zaw said... :

    ကျေဇူးတင်ပါတယ်ညီမရယ်ညီမရဲ့ကတိစကားကိုကြားရလို့အကိုတို့လဲကွန်ပျူတာနဲ့voteလိုက်ဖုန်းနဲ့Voteလိုက်နဲ့တတ်နိုင်သလောက်အားပေးကူညီရတာပါညီမသာနိုင်ငံအတွက်အကောင်းဆုံးကိုယ်စားပြုနိုင်ပါစေအစ်ကိုတို့သာဓုခေါ်ပါတယ်အောင်မြင်ပါစေငါ့ညီမလေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved