မော်လမြိုင်-မဲဆောက် ပထမဆုံးလေကြောင်းခရီးစဉ် အားနည်းချက်တချို့ရှိခဲ့

Wednesday, September 4, 2013

မြန်မာနိုင်ငံ မော်လမြိုင်မြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပထမဆုံး ပျံသန်း ပြေးဆွဲသော ထိုင်းအခြေစိုက် Nok အဲ ယားလိုင်းမှ ခရီးစဉ် အမှတ် DD4213 တွင် အားနည်းချက် တချို့ကြောင့် ခရီးသည် ၂ ဦး စီးနင်း လိုက်ပါခွင့် မရခဲ့ ကြောင်း သတင်းရရှိသည်။

  
မြန်မာနိုင်ငံ မော်လမြိုင်မြို့ လေဆိပ်မှ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်တွင် ထိုင်း နိုင်ငံ မဲဆောက် မြို့သို့ ထွက်ခွာမည့် Nok လေကြောင်းလိုင်း လေယာဉ်နှင့်လိုက်ပါမည့် ၃ ဦးအနက် ဂျပန်နိုင်ငံ သားတဦး သာ လိုက်ပါခွင့် ရခဲ့ပြီး ကျန် ခရီးသည် ၂ ဦး အား လေဆိပ် လုံခြုံရေး တာဝန်ရှိသူများက လုံခြံ
ရေး အကြောင်းပြ ချက်ဖြင့် Check in လုပ်ခွင့်မရခဲ့၍ လိုက်ပါ စီးနင်း ခွင့်လည်း မရခဲ့ကြောင်း ခရီးသည် တဦး ဖြစ် သူ ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။

 “ အဲယားလိုင်းက ကားခ ပေးပြီး လုံခြုံရေး တပ်ဖွဲ့က ကား စီစဉ်ပေးတယ်။ လမ်းခရီး လုံခြုံရေး အဆင်ပြေ အောင် စီစဉ် ပေးပါတယ်” လို့ သူက ပြောပါတယ်။ 

လေကြောင်းလိုင်းနှင့် လုံခြုံရေးတာဝန်ရှိသူများက တောင်းပန်၍ ကူညီပေးမှုဖြင့် အဆိုပါ ခရီးသည် ၂ ဦးမှာ မော်လမြိုင် မှ မြ၀တီမြို့သို့ ကားဖြင့် ၅ နာရီ ခရီးဖြင့် မဲဆောက်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်ဟု သိရ သည်။ 

၎င်းခရီးစဉ်သည် မော်လမြိုင်မှ မဲဆောက်သို့ ပထမဆုံး ခရီးစဉ်လည်းဖြစ်ပြီး ထိုင်း လေကြောင်းမှ ထိုင်း အရာရှိများ ပါ ၀င်လာသည့် အတွက် လေဆိပ် လုံခြုံရေးအား မည်သူ့ကိုမှ ၀င်ခွင့် မပြုရန် တားမြစ်စေခဲ့၍ ခရီးသည်များကိုပါ မထင် မှတ် ပဲ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိနစ်အနည်းကြာ ရှင်းပြပြီးနောက် လေယာဉ် ထွက်မည့် စက္ကန့် ပိုင်း အလိုမှသာ လေကြောင်းလိုင်းမှ သိရှိသွားခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ရှင်းပြ သည်။ 

အဓိက အားနည်းချက်မှာ လေဆိပ်လုံခြုံရေးနှင့် လေကြောင်းလိုင်းတို့အကြား အချိတ်အဆက်မိမိ မရှိခဲ့ ခြင်းဖြစ်ပြီး ယခု အခက်အခဲဖြစ်ခဲ့ရခြင်းမှာ မတော်တဆ သာဖြစ်ကြောင်းလည်း ဦးဘိုကြည်က ပြောသည်။ 

“အခု ဖြစ်တာက မတော်တဆ ဖြစ်တာပါ။ ရည်ရွယ်ချက် မပါပါဖူး။ ဒါပေမယ့်နောင်ကို ဒါမျိုးမဖြစ်ဖို့တော့ လိုပါတယ်။ ၂ နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တာပေါ့” ဟု သူက ပြောသည်။ 

Nok ကြောင်းလိုင်းသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားသူ ဂျွန်ုဆိုသူက ဖြစ်စဉ် အသေးစိပ်ကို မသိရသော်လည်း ယခုကဲ့သို့ အားနည်းချက်၊ ခရီးသည်များ အဆင်မပြေ ဖြစ်ခဲ့သည့်အပေါ် နောင်တွင် မဖြစ်ပေါ်ရေး လေကြောင်းလိုင်း တာဝန်ရှိသူများထံ တင်ပြသွားမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။ 

အခြေခံ အဆောက်အဦဆိုင်ရာ အဆင်သင့်မဖြစ်သေးသည့် အားနည်းချက်များ ရှိနေပြီး လေဆိပ်လုံခြုံရေး များက VIP (အထူးအရေးကြီး ပုဂ္ဂိုလ်) များပါသည့် ခရီးစဉ်ဖြစ်၍ လုံခြုံရေးအရ ခရီးသည်နှင့် အပြင်လူ ခွဲခြားမသိခဲ့ခြင်း၊ ခရီးသည် များအား Check in အတွက် အသိပေး ကြေညာသည့် စနစ်မရှိခြင်း၊ မော်လမြိုင် လေဆိပ်၌ Nok လေကြောင်းလိုင်း သည် အင်တာနက် သုံးရသည်မှာ တယ်လီဖုန်းနှင့် ချိတ်ဆက်သုံးနေ ရသည့်အတွက် သတင်းအချက်အလက် နှောင့် နှေးရခြင်းတို့သည် ပြုပြင်ရမည့် အချက်များဖြစ်သည် ဟုလည်း စုံစမ်းသိရှိရသည်။ 

“လေယာဉ်စီးတယ်ဆိုတာ အချိန်ကို ပေးဝယ်စီးရတာလေ၊ အခုတော့ မိနစ်ပိုင်း စီးရမည့်ခရီးကို ၅ နာရီ ကားနဲ့ စီးလိုက် ရတယ်” လို့ ဦးဘိုကြည်က ပြောသည်။ 

မော်လမြိုင်-မဲဆောက်နှင့် မဲဆောက်-မော်လမြိုင် Nok လေကြောင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့်သူ များ အနေဖြင့် နိုင်ငံကူးလက်မှတ်၊ သက်ဆိုင်ရာ နိုင်ငံများ၏ ဗီဇာများ အသီးသီးပါရှိပြီးမှသာ စီးနင်းလိုက်ပါခွင့် ရှိသည်ဟုလည်း သိရ သည်။ 

ထိုင်းနှင့် မြန်မာ ၂ နိုင်ငံ အစိုးရများအနေဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သင့်ပြီး ရှင်းလင်းတိကျ သည့် သတင်းထုတ်ပြန်မှုများကိုလည်း အစိုးရများအပါအ၀င် လေဆိပ်တာဝန်ရှိသူများ၊ လေကြောင်းလိုင်းများက လုပ် ဆောင်သင့်ကြောင်း ဦးဘိုကြည်က အကြံပြု ပြောဆိုသည်။ 

 လင်းသန့်~ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved