အိပ်မက်ဆုံရာ Season 6 မှာ ဘယ်သူ Winner ဆုရသွားသလဲ

Monday, September 16, 2013

Channel 7 ပရိသတ်တွေရဲ့ အိပ်မက်ဆုံရာ Season 6 ရဲ့ နောက်ဆုံး Grand Final ပွဲကြီးကတော့ မနေ့ည က အောင်ပွဲတွေနဲ့ အတူ အဆုံးသတ်သွားခဲ့ပါပြီ။ နောက်ဆုံးပိတ် ပြိုင်ပွဲကို အမျိုးသား ကဇာတ်ရုံမှာ ကျင်းပ ခဲ့ပြီး Channel 7 က တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ 

 ဓာတ်ပုံ- Channel 7

အားပေးကြတဲ့ ပရိသတ်တွေကိုစိတ်လှုပ်ရှားစေမယ့် အချိန်တွေမှာ ကြော်ညာတွေနဲ့ အစားထိုးသွားတာလွဲ လို့ အားပေးရတဲ့ ပရိသတ်က ကြေနပ်ကြတယ်လို့ ထင်ပါတယ်။ 

အိပ်မက်ဆုံရာ Season 6 ရဲ့ Winner ဆုကို ဆွတ်ခူးရယူသွားသူကတော့ မရတနာဝိုင်း ဖြစ်ပြီး ဆုငွေ ကျပ်ငွေ ၁၀ သိန်းပူးတွဲ ရရှိခဲ့ပါတယ်။ 

1 st Runner Up ကတော့ လွန်းဇောင်းဖြစ်ပြီး ဆုကြေးငွေ ကျပ် ၇ သိန်းဖြစ်ပါတယ်။ လွန်းဇောင်းကတော့ ပရိသတ်တွေက အွန်လိုင်းက မဲပေးတဲ့ ဆု ကျပ်ငွေ ၃ သိန်းလည်း ရရှိဆွတ်ခူးသွားခဲ့ပါတယ်။ လွန်းဇောင်း ကတော့ ပြိုင်ပွဲတလျှောက် ပရိသတ်ရဲ့ အားပေးမှု တပွေ့ တပိုက်ကို ရယူသွားသူလည်း ဖြစ်ပါတယ်။

2nd Runner Up ဆုရှင်ကတော့ ထွန်းပြည့်အောင် ဖြစ်ပါတယ်။ ဆုငွေ ကျပ်ငွေ ၅ သိန်းဖြစ်ပါတယ်။ 

ကျန်တဲ့ ပြိုင်ပွဲဝင်တွေကတော့ ဆုကြေးကျပ်ငွေ ၃ သိန်း၊ ၂ သိန်း တွေ ရသွားကြပြီး အခု ဆုရသွားကြ သူ
တွေနဲ့ပတ်သက်ပြီး အတော် သမာသမတ် ကျတဲ့ ရွေးချယ်မှုလို့ ဆိုကြပါတယ်။ 

နောက်ဆုံးဆုပေးပွဲ နေ့ မှာ ဒိုင်တွေ လုပ်ခဲ့ကြတဲ့ တေးသံရှင် စည်သူလွင်နဲ့ ရေဗက္ကာဝင်းတို့ ကလည်း အသီးသီး ဖျော်ဖြေခဲ့ကြသလို ပြိုင်ပွဲဝင် အသစ်နဲ့ အဟောင်းတွေကလည်း စုံတွဲ သီချင်းတွေနဲ့ပါ ဖျော်ဖြေ ခဲ့ကြပါတယ်။  

ပြိုင်ပွဲဝင်ခဲ့ကြသူတွေဟာ အိပ်မက်ဆုံရာ ကနေ တဆင့် အနုပညာနယ်ပယ်တွေကို တက်လှမ်းသွားကြရာ မှာ အောင်မြင်မှုတွေ ရကြဖို့ ဆုတောင်းသံတွေ၊ ပရိသတ်ရဲ့  အားပေးမှုတွေက Channel 7 ပရိသတ်တွေရဲ့ စက်တင်ဘာ ၁၅ ရက်ည ကို သိမ်းပိုက်သွားခဲ့ကြပါတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved