ယာဉ်တိုက်မှုကြောင့် အသေအပျောက် အများဆုံးဖြစ်နေတဲ့ မန္တလေး

Monday, September 16, 2013

~


မြန်မာပြည်တဝန်း ဒီလဆန်းပိုင်း ယာဉ်တိုက်မှုတွေကြောင့် သေဆုံးမှုအများဆုံးဒေသဟာ မန္တလေးတိုင်းဒေသကြီးဖြစ်တယ်လို့ ဒီကနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တခုမှာ တွေ့ရပါတယ်။



စက်တင်ဘာ ၁ ကနေ ၁၂ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ အမှုတွေကို စုစည်းထားတဲ့ စာရင်းမှာ အဲဒီလို တွေ့ရတာပါ။

ကယားပြည်နယ်မှာ အဲဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုတချို့ ဖြစ်ခဲ့ပေမယ့် လူသေဆုံးမှု မရှိပါ။
တခြား တိုင်း/ပြည်နယ် ၁၃ ခုမှာတော့ သေဆုံးမှုများ ရှိခဲ့ပါတယ်။

ယာဉ်မတော်တဆမှုအဖြစ်ဆုံးကတော့ မော်တော်ယာဉ်တွေ ပြည့်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးပါပဲ။
သို့သော်လည်း သေဆုံးနှုန်းကတော့ မန္တလေးထက် လျော့နည်းနေတာကို တွေ့ရပါတယ်။

ဒီဘလော့မှာတော့ "ဆိုင်ကယ်မြို့တော် မန္တလေး နဲ့ ထိခိုက်သေဆုံးမှု" အကြောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရွှေမန်းမြို့ ယာဉ်တိုက်မှုများအကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ http://blog.irrawaddy.org/2012/12/blog-post_2133.html  မှာ ဖြစ်ပါတယ်။

အောက်က ဇယားမှာ တွေ့ရတဲ့အတိုင်း လဆန်းပိုင်း မန္တလေးဒေသမှာ သေဆုံးတာ ၂၂ ဦး ရှိနေပါတယ်။ မန္တလေးက ဘာကြောင့် သေဆုံးမှုနှုန်း မြင့်မားနေရတာလည်း ဆိုတာကိုတော့ မသိရပါ။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ကိန်းဂဏန်းတွေကိုပဲ ဖော်ပြထားပါတယ်။

အနာဂတ်မှာ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေက အတော်လည်း ပွင့်လင်းလာပါပြီ။
အနာဂတ်မှာ ပိုပြီး ပွင့်လင်းလာမယ် ပြည့်စုံလာမယ်လို့ ယူဆရပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးမှု များပြားတဲ့ မန္တလေးဒေသအတွက် အာဏာပိုင်တွေဆီမှာ သီးခြား အစီအစဉ်တွေ၊ အထူး ဆောင်ရွက်မှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။




(စက်တင်ဘာ ၁၆ မနက်ပိုင်း ဖြည့်စွက်ချက် -
အထက်ပါဓာတ်ပုံဟာ ရန်ကုန်မြို့ သိမ်ဖြူလမ်း နဲ့ မဟာဗန္ဓုလလမ်းဆုံက ယာဉ်တိုက်မှုတခု မြင်ကွင်းဖြစ်ပါတယ်။ http://blog.irrawaddy.org/2013/06/blog-post_670.html ကနေ ရယူပါတယ်)


ဆက်စပ်
သင်္ကြန်ကာလ ကားစီးကြလျှင် 
http://blog.irrawaddy.org/2013/04/blog-post_4329.html

ကမ္ဘာအေးဘုရားလမ်း ယာဉ်တိုက်မှု 
http://blog.irrawaddy.org/2012/01/blog-post_7678.html

ဆိုင်ကယ်မြို့တော် မန္တလေး နဲ့ ထိခိုက်သေဆုံးမှု 
http://blog.irrawaddy.org/2012/12/blog-post_2133.html
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved