မေမြို့မှာလုပ်နေတဲ့ အာဆီယံကြည်းတပ်များ သေနတ်ပစ်ပြိုင်ပွဲ

Wednesday, October 30, 2013

~


 


ဒီနှစ်အတွက် အာဆီယံ ကြည်းတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲ (AARM) ကို ကျင်းပဖို့ အလှည့်ကျတာကတော့ မြန်မာနိုင်ငံဖြစ်ပါတယ်။


ဒါဟာ AARM ကို မြန်မာပြည်က အိမ်ရှင် နိုင်ငံအဖြစ် ပထမဦးဆုံး အကြိမ် လက်ခံ ကျင်းပခြင်းပါပဲ။ အကြိမ်အားဖြင့် ဆိုရင် ၂၃) ကြိမ်မြောက် AARM ပါ။ ခါတိုင်းတော့ တခြားသော အာဆီယံတိုင်းပြည်များမှာပဲ ကျင်းပခဲ့တာပါ။

မနေ့က အစပြုတဲ့ ဒီပွဲကို ပြင်ဦးလွင်မြို့ (မေမြို့) မှာ  ၁၁ ရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။

 AARM ကို  အောက်ဖော်ပြပါ နိုင်ငံများမှာ ကျင်းခဲ့ပါတယ်။

မလေးရှား -  ၁၉၉၁၊ ၁၉၉၇၊ ၂ဝဝ၃၊ ၂ဝ၁ဝ (၄) ကြိမ်
အင်ဒိုနီးရှား - ၁၉၉၂၊ ၁၉၉၈၊ ၂ဝဝ၄၊ ၂ဝ၁၁ (၄) ကြိမ်

ဘရူနိုင်း - ၁၉၉၃၊ ၁၉၉၉၊ ၂ဝဝ၅၊ ၂ဝ၁၂ (၄) ကြိမ်
ထိုင်း - ၁၉၉၄၊ ၂ဝဝဝ၊ ၂ဝဝ၇ (၃) ကြိမ်

ဖိလစ်ပိုင် - ၁၉၉၅၊ ၂ဝဝ၁၊ ၂ဝဝ၈ (၃) ကြိမ်
စင်ကာပူ - ၁၉၉၆၊ ၂ဝဝ၂၊ ၂ဝဝ၉ (၃) ကြိမ်
ဗီယက်နမ် - ၂ဝဝ၆ (၁) ကြိမ်

ဒါကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့က လော၊ ကမ္ဘောဒီယားတို့ပဲ ကျန်ပါတော့တယ်။

သေနတ်ပစ်ပြိုင်ပွဲ  ဖွင့်ပွဲ မြင်ကွင်းများကို  AARM စာမျက်နှာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။









ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး  ဗိုလ်ချုပ်ကြီး လှဌေးဝင်း










.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved