လိုင်ဇာညီလာခံမြင်ကွင်းများ

Wednesday, October 30, 2013

 
~


KIA တပ်ဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ညီလာခံ ဒီကနေ့ အစပြုပါပြီ။ 


သမ္မတ ဦးသိန်းစိန်ကလည်း ညီလာခံကို သ၀ဏ်လွှာပေးပို့ထားပါတယ်။ 

ဒီညီလာခံကနေ "နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲခြင်း သဘောတူညီချက် လက်မှတ်" ရေးထိုးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ကြောင်း အဲဒီ သဝဏ်လွှာမှာ ရေးထားပါတယ်။

ညီလာခံကို ရှမ်းပြည်နယ်အခြေစိုက်  UWSA, NDAA အစရှိတဲ့ အဖွဲ့တွေ မတက်ပါဘူး။ မတက်ရတဲ့ အကြောင်းရင်းအတွက် ကျန်းမာရေးမကောင်း၊ ဘာသာစကား အခက်အခဲရှိတယ် စတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ပါတယ်။

 ၃ ရက်ကြာ ဆွေးနွေးမယ့် တရုတ်မြန်မာနယ်စပ် လိုင်ဇာညီလာခံကနေ ထွက်ပေါ်လာမယ့် ရလဒ်က ဘယ်လောက် ကြီးမားမယ် ဆိုတာကတော့ ခန့်မှန်းလို့ မရနိုင်သေးပါဘူး။

ဧရာဝတီသတင်းထောက် ဂျေပိုင် ရိုက်ကူး ပေးပို့လာတဲ့ ညီလာခံမတိုင်ခင်မြင်ကွင်းနဲ့ ဒီကနေ့ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။

  Kachin Clashes Continue as Ethnic Leaders Meet
http://www.irrawaddy.org/burma/kachin-clashes-continue-ethnic-leaders-meet.html

ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း KIA နှင့် အစိုးရတပ်တို့ ထိတွေ့ပစ်ခတ်မှု ရှိနေသေး
http://burma.irrawaddy.org/news/2013/10/30/50303.html

လိုင်ဇာ ညီလာခံတွင် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးရန် မူတည်ဆွေးနွေးမည်
http://burma.irrawaddy.org/news/2013/10/30/50293.html
























 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved