နွေးနေသောလက်ကလေး အေးမသွားစေချင်

Saturday, October 12, 2013

~


 

သေခြင်းတရားသည် လူတစ်ယာက်အား လက်တစ်ကမ်းအဝေးမှ စောင့်ကြိုနေပါသည်။
သေးခြင်းတရားသည် အသံမပေးဘဲ တခါးဝသို့ တိတ်တဆိတ် ရောက်နေပါပြီ။
 


မကြာခင်မှာ သေခြင်းတရားပာုခေါ်သောသူငယ်ချင်း၏ခေါ်ဆောင်ရာသို့ လိုက်သွားရတော့မည်။
သိပ်ချစ်ခင်ရတဲ့လူတစ်ယောက်နောက်သို့ လိုက်သွားရတော့မယ့်အလား သူအပြုံးမပျက်ပာန်ဆောင်တုန်း..
သူက လူတွေကိုပြန်အားပေးတုန်း ...
လောဘဒေါသမောဟတွေနဲ့ရစ်မူးနေသူတွေ ၊ ငါဆိုတဲ့ဒီအပုပ်ကောင်ကြီး ပျော်ရွှင်မှုတွေရဖို့အချိန်နဲ့အမျှ ပျော်ဖို့သာစဉ်းစားသူတွေ ၊
သေရင် နောက်ဘဝအတွက်ပါယူသွားဖို့အတွက် ပြင်ဆင်နေသည်ပာု ထင်ရအောင် လောဘတက်သူတွေ၊
မာနတွေမာန်တွေကိုယ်နဲ့မကွာသယ်ဆောင်နေသူတွေ ဒီလူတွေအားလုံးထံမှ သူ အနိုင်နဲ့ အပြုံးမပျက်ထွက်ခွာဖို့ ပြင်ဆင်နေတာလား။
ထွက်ခွာတော့မယ့်လူတစ်ယောက်ရဲ့ဝေဒနာတွေကို သိပ်ကို ခေတ်မှီတိုးတက်လှတဲ့ ဆေးပညာလောကကြီးက လက်ပိုက်ကြည့်နေတော့မှာလား။
အချိန်ကို လူတွေကကုစားလို့မရ။ အချိန်ကသာ လူတွေကိုကုစားသွားမှာမို့
သူ့ရဲ့ဖြူဖွေးပျော့ဖပ်ပြီးနွေးနေတဲ့လက်ကလေး  အေးမသွားအောင် ဆုတောင်းရင်း..

အနီတာ ဘရာဒွါဂျာ



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved