ဘန်ကောက် နိုင်ငံတကာမယ်ပြိုင်ပွဲဝင်မယ့် ထားထက်ထက်

Tuesday, October 15, 2013

~


 

Miss Grand International အမည်ရ နိုင်ငံတကာအဆင့် မယ်ပြိုင်ပွဲတခု ရှိပါတယ်။

မြန်မာပြည်ကို ကိုယ်စားပြုပြီး သွားပြိုင်မယ့်သူကတော့  မြန်မာ့လက်ရွေးစင် ကျွမ်းဘားမယ်  ထားထက်ထက်။

ကျင်းပမယ့်နေရာက ထိုင်းနိုင်ငံ ဘန်ကောက်မြို့။



အချိန်???

Miss Grand International သရဖူလုပွဲနေ့ကိုရောက်ဖို့ ၃၅ ရက် လိုပါသေးတယ်။

ဒီအမည်နဲ့ပြိုင်ပွဲကို ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်တယ် ဆိုတော့ လာမယ့်နှစ်များမှာလည်း ဆက်လက် ပြုလုပ်သွားဖွယ်ရှိပါတယ်။

ပြိုင်ပွဲမှာ ဘီကီနီ  ဝတ်ပြီး ပြိုင်ရမယ့် အစီအစဉ်လည်း ပါတယ်၊  ဒါဟာ ပြိုင်ပွဲစည်း မျဉ်းဖြစ်နေတဲ့ ရှောင်လို့ မရဘူး ဆိုပြီး  ထားထက်ထက်က ပြောကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တွေမှာ ရေးထားပါတယ်။

မယ်စကြာဝဠာပြိုင်ပွဲသွားမယ့် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အငြင်းပွားမှုတချို့ ဖြစ်ပွားခဲ့ပါတယ်။ http://www.irrawaddy.org/burma/bumpy-start-burmas-divisive-miss-universe.html ဆိုတဲ့ ဧရာဝတီစာမျက်နှာတခုမှာ ဖတ်နိုင်ပါတယ်။ အခု ဘန်ကောက်သွားမယ့် 
ထားထက်ထက် အကြောင်းနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားခြင်းတွေကို မတွေ့ရပါ။
ထားထက်ထက်အကြောင်း နည်းနည်း ပြောရရင် ...
အားကစား၊ လူမှုရေးလုပ်ငန်း၊ ပြည်ပခရီးတို့ကို စိတ်ဝင်စားတဲ့ ကျွမ်းဘားမယ်  ထားထက်ထက်က အသက် ၂၄ နှစ်ရှိပါပြီ။ အင်ဂျင်နီယာတယောက်လည်းဖြစ်ပါတယ် တဲ့။

အားလုံးကိုပျော်စေချင်သူ ထားထက်ထက်က  ရယ်ရယ်မောမောနေချင်တယ်၊ အကောင်းမြင်ဖို့အမြဲကြိုးစားတယ်၊ သဘာဝကို နှစ်သက်တယ်။ ပြီးတော့ ... တန်ဖိုးထားတာတွေက - အချစ်စစ်အချစ်မှန်၊ ကိုယ်ချင်းစာမှု၊ ရဲရင့်မှု၊ အကြင်နာတရား တို့ ဖြစ်တယ်လို့ ထားထက်ထက်က ပြောကြောင်း ပြိုင်ပွဲအွန်လိုင်းစာမျက်နှာမှာ တွေ့ရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved