တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံ

Thursday, October 17, 2013

တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သော သမ္မတ ရှီကျင့်ဖျင်သည် မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပီကင်းမြို့၊ တီယန်နမင် စကွဲယားရှိ ပြည်သူ့ မဟာခမ်းမ ဆောင်မှာ တွေ့ဆုံကြပါတယ်။ 

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဓာတ်ပုံ- ရန်ကုန်တရုတ်သံရုံးဖေ့စ်ဘုတ်

တရုတ်သမ္မတက “အိမ်နီးချင်းကောင်းတွေ၊ မိတ်ဆွေကောင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ” အဖြစ် မြန်မာနဲ့ တရုတ်တို့ရဲ့ ၂ နိုင်ငံ ဆက်ဆံရေးကို ပုံဖော်တာဖြစ်တယ်လို့ မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးဖေ့စ်ဘုတ်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ 

မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးခိုင်မာစေရေးတွင် ၂ နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ် အခြေခံယုံသာ မက ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ နိုင်ငံတကာမှာ လက်ရှိဖြစ်ပျက်နေတဲ့ အပြောင်းအလဲ တွေမှာပါ ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်ရေး ထိမ်းသိမ်းထားကြမယ်လို့ တရုတ်သမ္မတက ပြောပါတယ်။ 

တရုတ်ဘက်က မြန်မာနဲ့ပတ်သက်ပြီး အခိုင်အမာပြသလိုက်တာက မြန်မာနဲ့အတူ ရပ်တည်ပြီး ၂ နိုင်ငံ ဆက်ဆံရေး ပိုမို အား ကောင်းတည်ငြိမ်ပြီး ဆက်လက်ခိုင်မြဲစေဖို့ ချောချောမွေ့မွေ့ လက်တွေ့ပူးပေါင်း
ဆောင် ရွက်ရင်း မဟာဗျူဟာမြောက် ဆက်ဆံရေးအဆင့်မြင့်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။ 

တရုတ်အနေနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အလွန်အရေးကြီး တာကြောင့် အလေးထားပြီး မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လည်း ထောက်ခံအားပေးနေ တယ်လို့ သူက ဆက်ပြောထားပါတယ်။ 

တရုတ်သမ္မတက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အချိန်စောပြီး နဂို အခြေအနေကို ပြန် လည်ရောက်နိုင်တယ်လို့ ပြောဆိုပြီး တရုတ်နိုင်ငံကလည်း အဆိုပါ ရည်မှန်းချက်ဆီကို အပြုသဘောဆောင်တဲ့ အခန်း ကဏ္ဍကနေ ဆက်လက်ပါဝင်ဆောင်ရွက်ပေးလိုတယ်လို့ ဆိုပါတယ်။ 

ဒီအပြင် တရုတ်သမ္မတက ၂ နိုင်ငံဆက်ဆံရေး အဆင့်မြှင့်သွားစေရန် စစ်ဘက်ချင်း ဆက်ဆံရေးကိုလည်း အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ရေးကို ကမ်းလှမ်းပြောဆိုကြောင်း သိရသည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း လက်ရှိ အခင်းအကျင်းမှာ ကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး သည် အလွန်အရေးကြီးကြောင်း၊ ၂ ဘက်ဆက်ဆံရေး ဆက်လက် ကောင်းမွန်အောင်
ဆောင်ရွက်နေကြောင်းပြောဆိုတယ်လို့ တရုတ်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဒီအပြင် တရုတ်နိုင်ငံက ကာလရှည်ကြာစွာကတည်းက ထောက်ပံ့အားပေးခဲ့တာ၊ မြန်မာပြည်မြောက်ပိုင်းက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်နေမှုမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်
နေမှုတွေအတွက် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအား ကျေးဇူးအထူးတင်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတယ်လို့ ဆိုပါတယ်။ 

ဒီအပြင် ၂ ဘက် ဆက်ဆံရေး ရှေ့တိုးဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံနဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင် ရွက်လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

မြန်မာ့တပ်မတော်ကလည်း ၂ နိုင်ငံကြား ဆက်ဆံရေး ခိုင်မာအားကောင်းစေရေး အများနဲ့ အတူ အား ထုတ်ကြရမှာဖြစ်တယ်လို့ မြန်မာ ကာ/ချုပ်က အလေးထားပြောပါသေးတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်း စစ်ဘက်
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို  ရဟတ်ယာဉ်စက်ရုံ၊ သံချပ်ကာ စစ်အင်ဂျင်နီယာ သုတေသန ဌာန၊ စစ်လက်နက်ပစ္စည်းစက်ရုံ စတာတွေကိုလည်း သွားရောက် လည်ပတ်ကြည့်ရှုခဲ့ပါသေးတယ်။


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved