သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်လာရာမှာ ၀န်ကြီးဌာန တွေရဲ့ အင်တာနက်စာမျက်နှာတွေ ဖွင့်လှစ်လာတာလည်း တခုအပါအ၀င် ဖြစ်ပါတယ်။
အခု နောက်ဆုံး ကာကွယ်ရေး ၀န်ကြီးဌာနက အင်တာနက် စာမျက်နှာနဲ့ ဖေ့စ်ဘုတ် လူမှု ကွန်ရက် စာမျက်နှာ ကို အောက်တိုဘာလ ၁ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပါပြီ။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာဖြစ်ပါတယ်။
ကာကွယ်ရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာ ( Ministry of Defense ) လိပ်စာကတော့ www.mod.gov.mm ဖြစ်ပြီး အင်္ဂလိပ် ဘာသာနဲ့ ရေးသားတင်ပြထားပါတယ်။
ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ဖေ့စ်ဘုတ် ကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လိပ်စာကတော့ www.facebook.com/modofmm ဖြစ်ပါတယ်။
ကာကွယ် ရေး ၀န်ကြီးဌာနကရဲ့ လှုပ်ရှားမှု ဓာတ်ပုံ တွေနဲ့ အတူ မြန်မာဘာသာနဲ့ ရေးသား တင်ပြထား ပါတယ်။ ဖေ့စ်ဘုတ် စာမျက်နှာမှာတော့ Like လုပ်ထားသူပေါင်း ၃ ထောင်ကျော် ရှိနေပါပြီ။
အိမ့်သံစဉ် ~
0 comments :
Post a Comment