ချက်နိုင်ငံ လူ့အခွင့်အရေးဆု ဦးမင်းကိုနိုင် လက်ခံ

Saturday, October 5, 2013

၂၀၀၀ ပြည့်နှစ်တွင် အကျဉ်းကျနေသော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကို ကွယ်လွန်သူ ချက် သမ္မတ ဗားဆလပ်ဟာဗဲလ်က ချက်နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာဆု Homo Homini Award ကို ချီးမြှင့်ခဲ့သည်။ 


ယခု ဆုကို ဦးမင်းကိုနိုင်က ချက်နိုင်ငံမြို့တော် ပရက်ဂ်တွင် ကိုယ်တိုင်သွားရောက် လက်ခံရယူခဲ့သည်။ 

 ချက်နိုင်ငံ ရောက် ဦးမင်းကိုနိုင်

“It was Václav Havel who proved that the true love to humanity cannot be limited by nationalism, religion or discrimination. Me and Václav Havel, we were not close friends, we lived ten thousands kilometers far from each other. But under the roof of freedom, peace and human rights we were like family," ဟု စက်တင်ဘာ ၃ ရက် ဆုလက်ခံရယူသည့် အခမ်းအနား တွင် ဦးမင်းကိုနိုင်က ပြောသည်။ 

ချက်တာဝန်ရှိသူတချို့ကိုလည်း ၈၈ အမှတ်အသား တံဆိပ် ဦးမင်းကိုနိုင်ငံ ပြန်လည် လက်ဆောင်ပေးစဉ်

Homo Homini Award ကို ၁၉၉၄ ခုနှစ်မှ စ၍ ကမ္ဘာ အရပ်ရပ်ရှိ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူ့အခွင့်အရေးအတွက် စွန့်စားလှုပ်ရှားသူများကို နှစ်စဉ်ချီးမြှင့်လာခဲ့ရာ ၂၀၀၇ ခုနှစ် တွင် ဒေါ်စုစုနွေး၊ 
ဒေါ်ဖြူဖြူသင်း၊ ဒေါ်နီလာသိန်းတို့ကိုလည်း ပေးအပ်ခဲ့သေးသည်။

ချက်သမ္မတနိုင်ငံ၊ ပရက်ဂ်မြို့ရောက် ဦးမင်းကိုနိုင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved