~

ဒီပွဲမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို ဧရာဝတီသတင်းထောက် ဆလိုင်းသန့်စင်ကတွေ့ဆုံပြီး မေးမြန်းထားတာကို စုစည်း တင်ဆက်လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာလူကုန်ကူးမှုတိုက်ဖျက်ရေးသံတမန်
“လူကုန်ကူးခြင်းဟာ
သေဒဏ်အထိကျခံရနိုင်တဲ့ပြစ်မှုပါ။
ကျနော်တို့အနုပညာသမားအားလုံးက
လူကုန်ကူးခြင်းကို ကန့်ကွက်ပါတယ်။
မြန်မာတနိုင်ငံလုံးက
ကလေးငယ်တွေရော အမျိုးသမီးတွေရော၊
အမျိုးသားတွေရောအားလုံးပဲ
လူကုန်ကူးခံရခြင်းမှ
ကင်းဝေးပါစေ။
လူကုန်ကူးမှုဆိုတာဟာ
တကယ်တရားမ၀င်တဲ့ကိစ္စပါ။
လူလူချင်း
အမြတ်ထုတ်တဲ့ကိစ္စဆိုတော့
ဘယ်နိုင်ငံကမှ ခွင့်မပြုထားတဲ့
ကိစ္စပါ။ ဒါတွေကို မသိသေးရင်လည်း
သိအောင်ကြိုးစားပါ။ ကျနော်တို့လည်း
ဒီထက်ပိုပြီးသိအောင်၊
ဒီထက်ပိုပြီးတိုက်ဖျက်နိုင်တာတွေဖြစ်လာအောင်
ကြိုးစားပါမယ်လို့ ပြောချင်ပါတယ်”
မြန်မာနိုင်ငံဆိုင်ရာလူကုန်ကူးမှုတိုက်ဖျက်ရေးသံတမန်
“ကျမတို့တိုင်းပြည်က
ဆင်းရဲမွဲတေတဲ့တိုင်းပြည်ထဲမှာ
တနိုင်ငံ ဖြစ်နေတာဆိုတော့
စားဝတ်နေရေး ပြေလည်ဖို့
လူမှုဘ၀တွေချောင်လည်ဖို့အတွက်က
မှန်ကန်တဲ့နည်းလမ်းနဲ့
အလုပ်အကိုင်တွေ ဖန်တီးပေးမှုဆိုတာ
မရှိမခြင်း၊ အလုပ်သမား
အခွင့်အရေးကာကွယ်ပြီး
လုပ်ကိုင်ပေးတာမျိုး၊
လုပ်ခလစာတွေကို ထိန်းညှိပေးတာမျိုး
မရှိမခြင်းကတော့ စားဝတ်နေရေး
ပြေလည်ဖို့အတွက်
လူတွေကနည်းလမ်းပေါင်းစုံနဲ့
ရရာနည်းလမ်းနဲ့ ဖြေရှင်းကြမှာပဲလေ။
ကိုယ့်ရဲ့
တ၀မ်းတခါးအတွက် ကိုယ့်မိသားစုဝမ်းရေးအတွက်
ဖြစ်နေတာကိုး”
“အဲဒါတွေမဖြစ်အောင်ဆိုတာက
အတတ်နိုင်ဆုံး
လူ့အဖွဲ့အစည်းတွေရဲ့ဝိုင်းဝန်းကူညီမှု
အင်အားကလည်း အခုချိန်မှာ
လိုအပ်နေတယ်။
အဓိကလိုအပ်တာတော့
တရားဥပဒေစိုးမိုးမှုရှိဖို့တို့၊
မိဘပြည်သူတွေအတွက်
မှန်ကန်တဲ့နည်းလမ်းနဲ့
အလုပ်အကိုင်ဖန်တီးပေးနိုင်ဖို့ပါပဲ။
ဆင်းရဲမွဲတေမှုပပျောက်ဖို့ဆိုတဲ့ဟာမျိုး
လုပ်နိုင်လာတဲ့အခါ ကျရင်တော့
ဒါတွေကလျော့ကျ လာလိမ့်မယ်လို့
ဖြူဖြူတော့ထင်ပါတယ်”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“တခြားနိုင်ငံမှာ
အလုပ်သွားလုပ်မယ်ဆိုရင်
ကိုယ်အလုပ်လုပ်မယ့်နေရာကို
သေချာစုံစမ်းပြီးမှ
သွားသင့်တယ်လို့ ထင်ပါတယ်။
သူတို့ဘာသာစကားလည်း
နည်းနည်းဖြစ်ဖြစ် တတ်အောင်
သင်စေချင်ပါတယ်။
အိမ်နဲ့လည်း
အဆက်အသွယ်မပြတ်သင့်သလို
ပတ်စပို့တွေ အထောက်အထားတွေလည်း
ကိုယ်နဲ့မကွာထားပါလို့ပြောချင်ပါတယ်။
ကျမအနေနဲ့တော့
ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ကသာ
အလုံခြုံဆုံးလို့ထင်ပါတယ်။
အဲဒါကြောင့်
ကိုယ့်အိမ်မှာကိုယ်
လုံလုံခြုံခြုံနဲ့
အလုပ်လုပ်စေချင်ပါတယ်။
သွားမယ်ဆိုလည်း
သေချာစုံစမ်းပြီးမှသွားစေချင်ပါတယ်။
လူကုန်ကူးမခံရအောင်
ဂရုစိုက်ပါလို့ ပြောလိုပါတယ်”
“လူကုန်ကူးခံရတဲ့သတင်းတွေကြားတဲ့အခါ၊
တခြားဒေသမှာ ကိုယ့်နိုင်ငံသားတွေ
ဒုက္ခရောက်တာကို မြင်ရတဲ့အခါ
ဘယ်လိုခံစားရလဲဆိုတော့
အိပ်မက်ထဲမှာ ရန်ဖြစ်နေသလိုပဲ။
မြင်နေပြီး ဘာမှမလုပ်ပေးနိုင်ဘူး
ဖြစ်နေတယ်။
တတ်နိုင်ရင်တော့
ကျနော်တို့တိုင်းပြည်
ကျနော်တို့အိမ်လောက်
ဘယ်နေရာမှမလုံခြုံပါဘူး။
ကိုယ့်နိုင်ငံထဲမှာပဲ
လည်ပတ်လုပ်ကိုင်နိုင်ရင်တော့
အကောင်းဆုံးပါပဲ”
“အဓိကတော့
စားဝတ်နေရေးကြပ်တည်းမှုအပေါ်မှာ
အလွဲသုံးစားလုပ်ပြီး
လူကုန်ကူးမှုတွေ ဖြစ်ကြတာဆိုတော့
အခုလိုမျိုး အစီအစဉ်တွေလုပ်ပေးတော့
သူတို့ဦးဏှောက်ထဲကို
လူကုန်ကူးမှုနဲ့ပတ်သတ်တဲ့
အသိဥာဏ်လေး ရိုက်ထည့်ပေးနိုင်တာပေါ့။
အဓိကက သိနေခဲ့ရင် ဒုက္ခမရောက်နိုင်ဘူးလို့
ထင်ပါတယ်။ သိခြင်းအားဖြင့်
ကာကွယ်နိုင်မယ်။ တွန်းလှန်နိုင်မယ်လေ”
“နိုင်ငံခြားမှာ
အလုပ်သွားလုပ်မယ့်လူတွေအနေနဲ့
လူကုန်ကူးမှုတိုက်ဖျက်ရေးကပြောတဲ့
ဖုန်းနံပါတ်တွေကို မှတ်ထားဖို့ရယ်
ကိုယ်သွားမယ့်နိုင်ငံရဲ့ဘာသာစကားကို
ဖြစ်နိုင်ရင် သင်သွားဖို့ရယ်
စာရွက်စာတမ်းမိတ္တူတွေ
အိမ်မှာထားခဲ့ဖို့ရယ်
အိမ်နဲ့အဆက်အသွယ် မပြတ်ဖို့ရယ်
ဒါလေးတွေ ပြောချင်ပါတယ်”
စီမံခန့်ခွဲမှုဒါရိုက်တာ
Star
Business Group
“ကျနော်
လူကုန်ကူးခံရတဲ့ဗီဒီယိုကိုကြည့်တဲ့အခါမှာ
မျက်ရည်ကျတဲ့အထိ ခံစားခဲ့ရပါတယ်။
ဘာလို့လဲဆိုတော့ သူတို့ရဲ့ဘ၀မှာ
သူတို့တွေမသိဘဲနဲ့
လုပ်ခံလိုက်ရတဲ့ဟာတွေပေါ့နော်။
လူဆိုတာ
အသိဥာဏ်ရှိတဲ့အတွက်
လူကုန်ကူးမှုဆိုင်ရာအချက်တွေသာ
သိထားမယ်ဆိုရင်
သူတို့ဒီလိုမျိုးလူကုန်ကူးခံရလိမ့်မယ်တော့
မထင်ပါဘူး။
အဲဒါကြောင့်မို့လို့
ကျနော်လူကုန်းကူးမှု
ပညာပေးအလုပ်တွေကို
ထဲထဲဝင်ဝင်လုပ်ဖြစ်ခဲ့တာပါ။
ဒီအလုပ်တွေဟာ ကျနော်တို့
လူသားအချင်းချင်းကို
ကူညီတဲ့အလုပ်တွေဖြစ်တဲ့အတွက်ကြောင့်
ဒါကူညီသင့်တယ်ထင်လို့
လိုက်လုပ်ပေးတာပါ။
လူကုန်ကူးမှုတွေပပျောက်ဖို့ဆိုရင်
ကျနော်တို့တွေတင်မကဘူး။
လူတိုင်းမှာ တာဝန်ရှိပါတယ်။
လူတိုင်းဟာ ဒါနဲ့ပတ်သက်ပြီး
အလေးအနက်ထားလုပ်သင့်တယ်လို့
ထင်ပါတယ်”
“အခုက
ကျနော်တို့တိုင်းပြည်ကပွင့်လင်းလာပြီ။
နောက် ၂ နှစ်၊ ၃ နှစ် ၅ နှစ်လောက်ဆို
ကျနော်တို့တိုင်းပြည်မှာ
တခြားတိုင်းပြည်ကလူတွေ
လာအလုပ်လုပ်ကြမယ်။ ကျနော်တို့
နိုင်ငံခြား တိုင်းပြည်မှာ
လူကုန်ကူးခံရတာထက်
ဒီတိုင်းပြည်မှာလည်းအဲ့လိုမျိုးတွေ
ဖြစ်လာနိုင်တယ်။
ကျနော်တို့
အလုပ်သမားတွေကို
ဂုတ်သွေးစုပ်တာတွေလုပ်လာနိုင်တယ်။
အဲဒါတွေမဖြစ်ရအောင်
မြန်မာပြည်မှာရှိတဲ့လူတိုင်းဟာဆိုရင်
ဘာသာစကားပညာတွေကို တတ်ထားဖို့လိုတယ်။
အသက်မွေးဝမ်းကျောင်းပညာတွေသင်ထားပြီး
အလုပ်လုပ်ကြဖို့အတွက်
ကျနော်တိုက်တွန်း ချင်ပါတယ်။
စင်္ကာပူနိုင်ငံမှာ
ဘယ်တော့မှလူကုန်ကူးခံရတာ
မရှိပါဘူး။ ဘာလို့ဆိုတော့
သူတို့ တိုင်းပြည်ကလူတွေက
ထက်မြက်တိုးတက်လို့ပါ။
ဒါကြောင့် အမြဲတမ်း ရိုးအမနေဘဲ
ထက်ထက် မြက်မြက်နေဖို့
တိုက်တွန်းချင်ပါတယ်”
အခမ်းအနားစီစဉ်တင်ဆက်သူ
“လူကုန်ကူးမှုတွေရပ်တန့်နိုင်ဖို့က
အဖွဲ့အစည်းတခုထဲ လူတဦးတယောက်ထဲနဲ့
မရဘူးဗျ။ မြန်မာတနိုင်ငံလုံး
မြန်မာနိုင်ငံသားအားလုံးပါဝင်မှပဲ
ရမယ့်ကိစ္စပါ။ နောက်တချက်က
ကျနော်တို့ မြန်မာနိုင်ငံရဲ့ပညာရေးဗျ။
လူတွေပညာရေးအဆင့်အတန်းမြင့်လာပြီးတော့
အသိဥာဏ်ပိုမိုပွင့်လင်း
လာရင် ဒီကိစ္စက သူ့အလိုလိုပျောက်သွားမှာပဲ”
.
0 comments :
Post a Comment