ပြည်သူချစ်မြန်မာ့တပ်မတော်ဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည်ပြော

Saturday, October 26, 2013


ဗြိတိန်ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ရဲ့ ထိပ်တန်း စစ်တက္ကသိုလ်ကြီးဖြစ်တဲ့ 
တော်ဝင်ဆင်းဟတ် စစ်တက္ကသိုလ်ကို အလည်သွားရောက်ကာ လှည့်လည်ကြည့်ရှုခဲ့ပြီး ဗိုလ်လောင်း
ကျောင်းသား၊ ကျောင်းသူတွေကိုလည်း မနေ့ညနေက မိန့်ခွန်း ပြောခဲ့ပါတယ်။

 ဆင်းဟတ်တက္ကသိုလ်တွင် ဗိုလ်လောင်းများအကြားတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- Sandhurst. Credit: PA

"မြန်မာစစ်တပ်ကို Professional ( တကယ့်ကို စစ်တပ်ပီသတဲ့ )  တပ်မတော် ဖြစ်စေချင်ပြီး ပြည်သူက ချစ်ခင်တဲ့ တပ်မတော်မျိုး ကျမက ဖြစ်စေချင်တာ" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆင်းဟတ် မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းမှာ ပြောတာမှာ သူဟာ ဆင်းဟတ်စစ်တက္ကသိုလ်မှာ  အခုလို မိန့်ခွန်း ပြောဖို့ မရည်ရွယ်ခဲ့ပဲ စစ်တပ်ပီသတဲ့ အဖွဲ့အစည်းကို ဘယ်လို သင်ကြားသလဲ ဆိုတာ လေ့လာဖို့သာ ဖြစ်တယ်လို့ 
ပြောခဲ့ပါတယ်။

ဒီလို ဆင်းဟတ်တက္ကသိုလ်မှာ အခုလို မိန့်ခွန်း ပြောဆိုမှုဟာ ပထမဆုံး မြန်မာ့ခေါင်းဆောင်တဦးလည်း ဖြစ် ပါတယ်။

တတိယမြောက် ဥရောပခရီးစဉ်အတွင်း ၅ ရက်တာ ဗြိတိန်အလည်အပတ်ခရီးအတွင်း အခုလို ဆင်းဟတ် စစ်တက္ကသိုလ်မှာ နိုင်ငံတကာက ဗိုလ်လောင်းတွေကို ဘယ်လို စစ်ပညာသင်တန်းတွေ သင်ပေးနေတယ်၊ ဘယ်လို စစ်ဗိုလ်၊ စစ်ဗိုလ်မတွေ မွေးထုတ်နေတယ်ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည် က သေချာ 
လေ့လာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
  

အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    ဒေါ်စုကြည် က ကိုယ်.အဖေကိုလုပ်ကြံသတ်ဖြတ်တဲ. ၊ ကိုယ်.ဘုရင်ကို ပြည်နင်ဒဏ်ပေးပြီး ကိုယ်.လူမျိုးတွေကို ရာစုနစ်နဲ.ချီပြီး သိမ်းပိုက်ခဲ.တဲ. ၊ ကိုလိုနီနယ်ချဲ.တွေမှ အထင်ကြီလေးစားပြနေတာကိုကြည်.ရင် ၊
    ဒေါ်စုကြည် ကိုယ်တိုင် ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ. သွန်သင်ဆုံးမ လမ်းပြမှုတွေ မရခဲ.တာ သိသာပါတယ် ၊ မိဘတွေရဲ.သွန်သင်ဆုံးမတာကို ခံယူခွင်.မရတဲသမီးတစ်ယောက် နိင်ငံခြားသားနဲ.လက်ထပ်ပေါင်းသင်းခဲ.တာဟာလည်း မဆန်းပါဘူး၊
    ဒေါ်စုကြည် ကိုယ်တိုင် သူဘ၀ကိုအဆင်ပြေသလိုဖြတ်ကျော်ခဲ.ရတာကို နားလည်နိင်ပေမယ်.၊ ကိုယ်လူမျိုး ၊ နိင်ငံ ၊၊ ဘာသာနဲ.သာသနာကို ချစ်ခင်လေးစား ဖို.ကို နားမလည်ဘဲ ၊ ကျွန်တော်တို.နိင်ငံကိုအုပ်ချုပ်ဖို.မဖြစ်နိင်ပါဘူးNlD တွေအနေနဲ. မဖြစ်နိင်တဲ.၊ သဘာဝမကျတဲ.၊ စိတ်းကူးယဉ်နိင်ငံရေးတွေလုပ်နေမယ်.အစား၊ ဖြစ်သင်.တဲ.အလုပ်တွေနဲ. သင်.တော်တဲ.ခေါင်းဆောင်တစ်ယောက်ကို၊ အသစ်ပြန်လည်မမွေးထုတ်နိင်ရင် ပါတီဖျက်သိမ်းလိုက်သင်.ပါ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved