ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံ ပြင်ရန် ဦးရွှေမန်းပြော

Thursday, October 24, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည် အချင်း ပြဋ္ဌာန်းချက် ပုဒ်မ ၅၉ စ ကို ပြင်ဆင်သင့်ကြောင်း သူရ ဦးရွှေမန်းက ပြောဆို လိုက်သည်။ 

 နေပြည်တော်တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တွေ့ရတဲ့ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဧရာဝတီ

ပုဒ်မ ၅၉ (စ) တွင်
မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါး ပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း နိုင်ငံခြားအစိုးရ၏ 

ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ဟု ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက် သည် နိုင်ငံခြားသား သား ၂ ဦးရှိနေ သည့် ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတလောင်းဖြစ်ခွင့် အခွင့်အရေးကို တားဆီးထားသည်။

သတင်း အသေးစိတ်ကို
http://burma.irrawaddy.org/news/2013/10/24/50031.htmlနဲ့
http://www.irrawaddy.org/burma/shwe-mann-supports-change-make-suu-kyi-eligible-presidency.html မှာ ဖတ်ရှုနိုင်ပါတယ်။

3 comments :

  1. Anonymous said... :

    We support to U Shwe Man 10000%

  1. Anonymous said... :

    နိုင်ငံခြားသစ္စာတော်ခံ ဖြစ်သော်လည်း ထောက်ခံမဲ ရာခိုင်နှုန်း-----ရရှိပါက ဆိုပြီးခြွင်းချက်ပေးရင် အမေစုလည်း အဆင်ပြေ နောင်လာမဲ့ ဘာမှန်းမသိတဲ့ နိုင်ငံခြားသစ္စာတော်ခံ တွေရန်ကလည်း ကာကွယ်ပြီးသားဖြစ်သွားမယ်။ ရိုးရိုးလူ တစ်ယောက်ရဲ့ အတွေးပါ။

  1. Anonymous said... :

    လူတစ်ယောက်အာဏာရရှိရေးအတွက်အများပြည်သူကမဲပေးအတည်ပြုထားတဲ့အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတော့ပြည်သူ့ဆန္ဒကိုဆန့်ကျင်ဆောင်ရွက်တာပေါ့ပြည်သူကိုအလေးမထားပဲကိုယ်လုပ်ချင်ရာလျောက်လုပ်နေတာဒီမိုကရေစီလားအာဏာရှင်လား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved