မှော်ဘီရောက် ရှေးဟောင်းဗုဒ္ဓဆင်းတုများ

Tuesday, October 8, 2013

~


 

ရန်ကုန်မြို့ပြင်တနေရာမှာ နှစ်ပေါင်း တထောင်ကျော်၊ နှစ်ထောင်ကျော် သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်တွေကို သွားရော် ဖူးမြော်သူတွေနဲ့ အထူး စည်ကားနေတယ်လို့ ဒီကနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၇ က သတင်းတိုတပုဒ်မှာ ရေးထားပါတယ်။


မှော်ဘီမြို့ အင်းလျက်ကျေးရွာအုပ်စုထဲက ရေပြာကျေးရွာမှာရှိတဲ့ ‘အောင်ဇမ္ဗူတောရဓမ္မရိပ်သာ’ ဖြစ်ပါတယ် တဲ့။

 ရှေးဟောင်းဗုဒ္ဓဆင်းတု ၃ဝ၁ ဆူ ပူဇော်ထားတယ်လို့ ဆိုပါတယ်။

ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ သွားရောက် ဖူးမြော်နိုင်ပါတယ် တဲ့။
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးသုံးရက် ပိတ်တယ်ဆိုတဲ့သဘောပါ။

မစ္စတာကူမာနို ဆိုတဲ့သူက ဒီဆင်းတုတွေကို  ပြီးခဲ့တဲ့ အောက်တိုဘာလမှာ လှူဒါန်းခဲ့ပါတယ် တဲ့။

အလှူရှင် မစ္စတာကူမာနို ဆိုတာ ဘယ်သူလဲ။

အလှူရှင်ဟာ ရန်ကုန်မှာနေထိုင်တယ်လို့ ပေါ်ပြူလာဂျာနယ်မှာ ဓမ္မခရီးသည်တစ်ဦး ဆိုတဲ့ စာရေးသူက ရေးခဲ့ဖူးပါတယ်။

ရုပ်ပွားတော်များကို "ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာရှိ မိမိနေအိမ်၌ပူဇော်၍ လှူဒါန်း ရန်မဆိုထားဘိ၊ မိတ်ဆွေသူငယ်ချင်းများ တောင် မပြခဲ့ပါ" လို့ သူက ဆက်ရေးပါတယ်။ 

နည်းပညာတက္ကသိုလ်၊ မှော်ဘီရဲ့ Facebook မှာလည်း ဒီအကြောင်း သတင်းတပုဒ် ပါခဲ့ဖူးပါတယ်။ အဲဒီမှာ "ဓာတ်ပုံ၊ ဗွီဒီယိုများ ရိုက်ကူးခွင့်မပြု" လို့ ဆိုပါတယ်။

http://hlyothwetuyin.blogspot.com/2012/12/blog-post_3541.html ဆိုတဲ့ ဘလော့မှာလည်း ဒီဆင်းတုများအကြောင်း ရေးထားပါတယ်။
MRTV4 တံဆိပ်နဲ့ ဓာတ်ပုံလည်း ထည့်ထားပါတယ်။
ပုံအကြောင်းတော့ ရေးမထားပါ။
အဲဒီဆင်းတုများထဲက တဆူရဲ့ ဓာတ်ပုံဖြစ်မယ်လို့ ယူဆရပါတယ်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved