ထိုင်းငွေ နဲ့ မြ၀တီမြို့အလှူ

Saturday, October 26, 2013

~


ကြာသပတေးနေ့က ကရင်ပြည်နယ် မြ၀တီမြို့မှာ တွေ့ရတဲ့ အလှူတခု မြင်ကွင်းများ ဖြစ်ပါတယ်။

ငွေပဒေသာပင်ကြီးကြီး ငယ်ငယ်တွေကို ကုန်တင်တဲ့ပစ်ကပ်ကားနဲ့ တင်ရာကနေ အခုတော့ အိမ်သုံးလူစီးကားတွေနဲ့လည်း တင်ကြ လှည့်နေကြပါပြီ။



ငွေပဒေသာပင်များမှာ တွေ့ရမှာကတော့ ထိုင်းနိုင်ငံသုံး ဘတ်ငွေများပါပဲ။
မြ၀တီဟာ နယ်စပ်မြို့ ဖြစ်တဲ့အလျောက် ဘေးနိုင်ငံမှာသုံးတဲ့ ဘတ်ငွေရော၊ မြန်မာကျပ်ငွေကိုပါ သုံးကြတဲ့ စီးပွားရေးမြို့ကြီးဖြစ်ပါတယ်။
ပဒေသာပင်မှာ ဘတ်ငွေ ထည့်သွင်း အလှဆင်ရတဲ့အကြောင်းရင်းက အဲဒါကြောင့်ပဲ ဖြစ်ပါတယ်။
ပြီးတော့ ငွေစက္ကူသစ်ထည့်သွင်းလိုရာမှာ ဘတ်ငွေစက္ကူက အသစ်ရဖို့ ပိုမိုလွယ်ကူပုံလည်း ရပါတယ်။

အလှူအကြောင်း ဆက်ရရင် ... ဒီဓာတ်ပုံတွေကို ရိုက်ကူးတဲ့ မန်းမျိုးမြင့်ရဲ့ အဆိုအရ ... အလှူမှာ ကျွေးမွေးဒါနပြုတာ ရှယ်ပဲ လို့ ဆိုပါတယ်။


 ကထိန်ပွဲမှာ တီးမှုတ်နေတဲ့ မြ၀တီက အနဲတို့အဖွဲ့။  ဗုဒ္ဓဘုရားရှင်ရဲ့ ဘုန်းတော်ဘွဲ့သီချင်းကို သူတို့ဘာသာစကားနဲ့ သီဆိုတီးမှုတ်နေကြတာပါ။





 ဒီအဖွဲ့ကတော့ ဖိုးချစ်သီချင်းကို ဆိုတီးလေးတီးနေကြတာပါ။








.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved