အလုံးအရင်းကြော်ငြာတဲ့ လုံးလုံးရဲ့စီးရီး ထွက်လာပါပြီ

Tuesday, October 1, 2013



 ~



စတီရီယို တေးဂီတ လောကထဲဝင်ရောက်လာတဲ့ လူသစ်တယောက်ကတော့ လုံးလုံး ဖြစ်ပါတယ်။

နင်သိတဲ့တစ်နေ့ လို့ အမည်ပေးထားတဲ့ သူ့ရဲ့စီးရီးကို ရန်ကုန်မြို့အနှံ့တွေ့ရပါလိမ့်မယ်။
ကျိုက္ကစံကွင်းနားက လမ်းဘေးကြော်ငြာဆိုင်းဘုတ်ကြီးတွေမှာလည်း သူ့စီးရီးကြော်ငြာ ပါဝင်ပါတယ်။ ထူးခြားတာကတော့ အဲဒီနေရာမှာ သူ့ကြော်ငြာချည်းပဲ ၄ ခု ကပ်ထားတာပါပဲ။




ရန်ကုန်မှာ ကြော်ငြာအားကို အစွမ်းကုန် အသုံးချခဲ့တဲ့စီးရီးတခုဖြစ်တယ်လို့ ဆိုရပါမယ်။ နယ်ဒေသတချို့မှာလည်း အထိုက်အလျောက်တော့ ကြော်ငြာခဲ့မယ် ထင်ပါတယ်။

အခုတော့ လုံးလုံးရဲ့ စီးရီး လုံးလုံးလျားလားထွက်လာပါပြီ။
မင်းချစ်သူ၊ ရွှေဂျော်ဂျော်၊ နောင်နောင် (SF)၊ ကေအေတီ၊ ဇ၀ါ၊ လင်းလင်း၊ စံပီး၊ မိုးမိုး၊ ဒီယံ၊ သြရသ တို့က ရေးဖွဲ့ပေးထားတဲ့ သီချင်းများကို စုစည်းထားတာပါ တဲ့။

သူ့ရဲ့ စီးရီး မိတ်ဆက်ပွဲတွေ အမှတ်တရလက်မှတ်ထိုးတဲ့ အစီအစဉ်တွေကိုလည်း အဆိုတော်အထင်ကရတွေအကူအညီနဲ့ ရန်ကုန်မြို့နေရာတချို့မှာ ဒီရက်ပိုင်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

သောကြာနေ့က Junction Square ပရိုမိုးရှင်းဧရိယာမှာ ပြုလုပ်တဲ့ အရောင်းမြှင့်တင်ရေးအစီအစဉ်မြင်ကွင်းတချို့ကို ဧရာဝတီဘလော့ လာရောက်ဖတ်ရှုသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
အခြေအနေက ယခင်ခေတ်နဲ့ တော်တော်လေး ကွာခြားနေပါပြီ။ ကနေ့ခေတ်

စတီရီယို တေးဂီတလောကရဲ့ စီးရီးမိတ်ဆက်မှုအခြေအနေမြင်ကွင်းက ဒီလိုပဲ ဖြစ်တာကို တွေ့နေရပါတယ်။







ရန်နောင် (ဗိုလ်တထောင်) 


 
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved