ရန်ကုန်မြို့ Traders Hotel (921) အခန်းမှာ ယမန်နေ့ ည ၁၁ နာရီ ၂၀ ခန့်က ဗုံးတစ်လုံးပေါက်ကွဲရာ အမေရိကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရသွားတဲ့အတွက် ရန်ကုန်ဆေးရုံကြီးတွင်အရေးပေါ်တင်ထားရတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးပြီးချင်း စစ်တပ်နဲ့ ရဲလုံခြုံရေးအဖွဲ့တွေက ကုန်သည်ကြီးများ ဟိုတယ်ကို ရောက်လာပြီး ဗုံးရှင်းလင်းရေးနဲ့ သဲလွန်စ ရှာဖွေရေးတွေ လုပ်ကြပါတယ်။
အခုလို ပေါက်ကွဲမှုကြောင့် ပျက်စီးသွားမှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ဧရာဝတီ ဓာတ်ပုံ သတင်းထောက်တွေဖြစ်တဲ့ ဂျေပိုင်နဲ့ စတိဗ်တို့က မှတ်တမ်းတင်ထားပါတယ်။
မနေ့က နေ့ခင်းပိုင်းကလည်း အလုံမြို့ သခင်မြ ပန်းခြံတွင်းက Western Park 2 စားသောက်ဆိုင်မှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်ဗုံး တလုံး တွေ့လို့ လုံခြုံရေးတပ်ဖွဲ့တွေ အချိန်မီ ဖယ်ရှားနိုင်ခဲ့ပါတယ်။
အလားတူ မန္တလေးမြို့ ကျုံးအနောက်ဖက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင် အနီး လမ်းဘေး အုတ်ခုံတွင် ချိန်ကိုက်ဗုံး တလုံးတွေ့ရှိခဲ့ပြီး စနက်တံဖြုတ်ရန် ခက်ခဲတာကြောင့် နေ့လည် ၃ နာရီ မှာ ဗုံးကို စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း အင်းစိန် စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတလုံးလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီအပြင် အဲဒီနေ့ ညနေပိုင်းမှာ သာကေတ အခွန်လွတ်ဈေးနား လမ်းဘေး ရပ်ထားတဲ့ ယာဉ်နောက်တွဲ
အောက် က အထုပ်တထုပ်ကို ကလေး ၂ ယောက်က ဖြေကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာ အနည်းငယ်စီ ရသွားကြပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း တောင်ငူမြို့ ချမ်းမြေ့ တည်းခိုရိပ်သာ အခန်းတွင်းမှာ ဗုံးပေါက် ကွဲလို့ ၂ ဦး သေ၊ တဦး ဒဏ်ရာ ရခဲ့ပါသေးတယ်။
ဒီမတိုင်မီ ၉ ရက်နေ့ကလည်း ဖြူး မြို့နယ်မှာ ညောင်လေးပင် က မောင်းလာတဲ့ ကားပေါ်က မသင်္ကာဖွယ် အထုပ်တွေ့လို့ သက်ဆိုင်ရာက ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်ရပါသေးတယ်။
အခု ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးတင်းကြပ်မှုတွေ ရှိနေသလို လက်သည်ကို စုံစမ်းနေဆဲဖြစ် တယ်လို့ လုံခြုံရေးတာဝန်ခံတွေက ပြောဆိုထားပါတယ်။ ဒါပေမယ့်အခုထိတော့ ဘယ်သူ့ လက်ချက်ဆို တာ မပြောနိုင်ကြသေးပါဘူး။ ဘယ်သူကမှလည်း သူတို့ လုပ်တာလို့ ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ကြ
သေး ပါဘူး။
မနေ့ညက ကုန်သည်ကြီးများ ဟိုတယ်ဗုံးပေါက်ကွဲမှု အပြီး မြင်ကွင်းများကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။
အိမ့်သံစဉ် ~

0 comments :
Post a Comment