ဒေးဗစ်ဘက်ခမ်း ယာဉ်တိုက်မှုနဲ့ ကားသတင်းများ

Thursday, October 31, 2013

~


  




  •     BMW က ထွက်လို့မူလ Mazda ကုမ္ပဏီသို့ ဒီဇိုင်နာ Kevin Rice ပြန်ပြောင်း ~

Mazda ကုမ္ပဏီမှာ ၁၉၉၅ ခုနှစ်ကစလို့ သက္ကရာဇ် ၂ဝဝဝ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး BMW ကို ပြောင်းရွှေ့ခဲ့ပါတယ်။


၁၂ နှစ်ကျော် BMW မှာ လုပ်ကိုင်ပြီးနောက် အရင်က လုပ်ခဲ့တဲ့ Mazda ကို ဒီဇိုင်နာ Kevin Rice ပြန်ပြောင်းပြီ ဖြစ်ကြောင်း သိရပါတယ်။

ဗြိတိန်ကျွန်းမှာရှိတဲ့Conventry University မှာ Transportation Design program အထူးပြုလို့ဘွဲ့ရခဲ့သူ ဖြစ်ပြီး  မော်တော်ယာဉ် ဒီဇိုင်းလောကို ဝင်ခဲ့တာ ၁၉၉ဝ ကျော်တွေကတည်းက ဖြစ်ပါတယ်။

အဲ့တုန်းက ဂျာမနီနဲ့ အီတလီတွေမှာ ရှိတဲ့ကားကုမ္ပဏီတွေမှာ လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းကျတော့ဂျပန် Mazda ကိုပြောင်းခဲ့ပါတယ်။

မာဇဒါမှာ လုပ်ကိုင်နေစဉ် Concept ကား ၄ စီးမက ဖန်တီးပေးနိုင်ခဲ့ပြီး ကုမ္ပဏီက အထူးအားထား ရတဲ့ဒီဇိုင်နာ တစ်ဦး ဖြစ်ခဲ့ပါတယ်။

ပြီးတော့အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီကို စွန့်ခွာပြီး ဂျာမနီ BMW ကုမ္ပဏီကို ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ပါတယ်။ ယခုတော့ Mazda ကို ပြန်လည် ရောက်ရှိ လာပါပြီ။

ရာထူးကလည်း အရင်လို ဒီဇိုင်နာ မဟုတ်တော့ပါဘူး။ Creative Director ဆိုတဲ့ရာထူးနဲ့ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

ဂျာမနီမှာပဲ သူ့ရဲ့Team ကို ဦးဆောင်လို့  Mazda အတွက် လုပ်ကိုင်ရမှာပါ။

Kevin Rice ဟာလည်း ကမ္ဘာ့ မော်တော်ယာဉ် လောကမှာ လူအများ လေးစားတဲ့ပညာရှင်   တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  •     ကားတိုက်မှုဖြစ်တဲ့ဒေးဗစ်ဘက်ခမ်း ~

ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မှာ နေထိုင်တဲ့ဒေးဗစ် ဘက်ခမ်း တစ်ယောက် ယာဉ်တိုက်မှု ဖြစ်ပါတယ်။
အဝေးကြီးမှာ မဟုတ်ပါဘူး။ သူ့အိမ်ရှေ့မှာတင် ဖြစ်ပါတယ်။

အင်္ဂလန် Range Rover ကားတစ်စီးနဲ့ အိမ်ရှေ့က ဖြတ်သွားနေတဲ့SUV တစ်စီးကို ဝင်တိုက်မိပြီးနောက် ကားကို ခြံထဲ ပြန်သွင်းပြီး နေခဲ့ပါတယ်။

၂ ဘက်စလုံး ကားကလွဲလို့လူတွေ အထိမနာပါဘူး။
အတိုက်ခံရတဲ့အမျိုးသမီး  ရဲ့  SUV ညာဘက်ခေါင်း ဒေါင့်မှာ ချိုင့်သွားပြီး  ဘက်ခမ်းရဲ့Range Rover ကတော့ ရှေ့ကရှဲ ပြုတ်ထွက်သွားပါတယ်။



 ပြုတ်သွားတဲ့ဘမ်ပါကို အိမ်ရှေ့မှာ ဒီတိုင်းပဲ ထားခဲ့တော့ အကောင်းဆုံး သက်သေ ဖြစ်သွားပြီး ရဲတို့ရောက်ရှိလာပါတယ်။

ဒဏ်ငွေလောက်ပဲ ဆောင်ရမှာပါ။
သို့ပေမယ့် Celebrity တစ်ယောက်ဖြစ်တဲ့ကားတိုက်မှု ဆိုတော့ ပွဲအတော်စည်သွားပါတယ်။

ဘက်ခမ်းအိမ်ရှေ့မှာတင် သတင်းထောက်ပေါင်းမြောက်များစွာနဲ့ စည်ကားခဲ့ပြီး ကားကော၊ လူကော ဓာတ်ပုံ အရိုက်ခံရတာ အချက်ပေါင်း တထောင် မကလောက်ပါဘူး။

နောက်တော့ဘက်ခမ်း တစ်ယောက် ကားတိုက်မှု ဖြစ်ကြောင်း ယခုလို အင်တာနက်စာမျက်နှာတွေမှာ ပြန့်နှံ့ပါတော့တယ်။

...
Ref: celebritycars

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 
  •     ဒူဘိုင်းတွင် တက္ကစီ အဖြစ် အသုံးပြုသော Bugatti ~

တကယ်ပြောတာပါ။ ဒူဘိုင်းမှာ ကမ္ဘာ့ဈေးအကြီးဆုံးကားကို တက္ကစီလို စီးနိုင်ပါတယ်။

ပုံမှာ ပြထားတဲ့ကားကတော့ဒူဘိုင်းမှာ တက္ကစီအဖြစ် ပြေးဆွဲဖို့ပြင် ဆင်ထားတဲ့Bugatti ပြိုင်ကား ဖြစ်ပါတယ်။


ဒီလိုအရောင်တင် မကပဲ ခဲရောင် ဘူဂသီ၊ အနက်ရောင်၊ အနီရောင် ဘူဂသီများနဲ့လည်း ဒူဘိုင်းမှာ တက္ကစီ ဆွဲပါတယ်။
သာမန်လူများ စီးဖို့တော့ မဟုတ်ပါဘူး။
သူဌေးတွေပဲ ငှားစီးနိုင်တဲ့တက္ကစီပါ။ ပြည်ပက ဒူဘိုင်းအလည်လာတဲ့ဧည့်သည်တွေ ပိုအစီးများပါတယ။်

ကမ္ဘာ့ဈေးကြီးကားများကို သီးသန့်ဝယ်စီးလို့ မြို့တွင်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေတဲ့အေဂျင်စီ တစ်ခုက စီစဉ်ပေးတာ ဖြစ်ပါတယ်။

တော်ရုံလူ အနားမကပ်နိုင်တဲ့ကမ္ဘာ့ဈေးအကြီးဆုံး အမြန်ဆုံး နံပါတ် ၁ အဖြစ် နှစ်စဉ် ဗိုလ်စွဲနေတဲ့ ဘူဂသီ Veyron Super Sport ကားမျိုး တစ်နေ့တော့  ကျနော်တို့ဆီမှာ တက္ကစီ ဖြစ်လာနိုင်ပါသေးတယ်။

...
Ref: autoblog

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 
  •     ကုမ္ပဏီအမည်တချို့ရဲ့ အဓိပ္ပာယ် ~

Mercedes - တည်ထောင်သူ၏ သမီးအမည်

Nokia - ဖင်လန်နိုင်ငံရှိ မြစ်တစ်မြစ် အမည်

Pepsi - အစာခြေဖြတ်သော အန်ဇိုင်းတစ်မျိုး digestive
enzyme pepsin ကို ကိုယ်စားပြုသည်။



Honda - တည်ထောင်သူ Soichiro Honda အမည်ကို ကိုယ်စားပြုသည်။

Sony - လက်တင်ဘာသားစကား sonus ကိုအခြေခံပြီး အသံဟု အဓိပ္ပာယ် ရသည်။

Maggi - တည်ထောင်သူ Julius Maggi ကိုကိုယ်စားပြုသည်။

Suzuki - တည်ထောင်သူ Michio Suzuki ကို ကိုယ်စားပြုသည်။

Samsung - ကိုရီးယားဘာသာစကားဖြင့် ကြယ်သုံးပွင့်ဟု အဓိပ္ပာယ်ရသည်။

Toyota - တည်ထောင်သူ Sakichi Toyoda ကို ကိုယ်စားပြုသည်။

Yamaha - တည်ထောင်သူ Torakusu Yamaha ကို ကိုယ်စားပြုသည်။

Adidas - တည်ထောင်သူ Adolf Dassler ကို ကိုယ်စားပြုသည်။ Adolf (Adi) Dassler. (das)

...
Ref:rarefacts



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
(မှတ်ချက်  - Colay အင်တာနက် စာမျက်နှာ http://www.colay.com.mm/automobile/news/articles ကနေ ခွင့်ပြုချက်ယူပြီး ပြန်လည် ဖော်ပြပါတယ်)


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved