သီချင်းသံ ခံစားနိုင်တဲ့ ဆယ်လသားကလေး

Thursday, October 31, 2013

~


  ၁ဝ လ သားအရွယ်လေးက သူ့မေမေ သီချင်းဆိုပြတုန်း ဘယ်လို တုံ့ပြန်တယ် ဆိုတာကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံက အွန်လိုင်းမှာ လူကြိုက်များနေပါတယ်။
ကလေးနဲ့မိခင်က ကနေဒါနိုင်ငံ အွန်တေရီယိုကပါ တဲ့။ 

၂ ပတ်အတွင်း ယူကျုမှာ ကြည့်ရှုသူ အရေအတွက် ၁၁ သန်း ရှိသွားပါပြီ။

ရုပ်သံအစပိုင်းမှာ ကလေးက ပြုံးနေတာပါ။ ကလေးမေမေ သီချင်းဆိုချိန်တလျှောက်လုံး ကလေးရဲ့ အမူအယာ ပြောင်းသွားပါတယ်။
သီချင်းက အဆွေးသီချင်းပါ။ ကလေးမျက်နှာ ဆွေးရိပ်သမ်းသွားတာ၊ မျက်ရည်ကျလာတာတို့ကို ဆက်တိုက် တွေ့ရပါမယ်။
သီချင်းအဆုံး၊ မေမေက ကလေးကို အားပါးတရ စကားအပြောမှာတော့ ကလေးက ပြန်ပြုံးလာပါတယ်။

ကလေးငယ်ငယ် အရွယ်နဲ့ မလိုက်အောင် ဂီတကို ခံစားနိုင်တယ်၊ မေမေလည်း အဆိုပိုင်တယ် စသဖြင့် ချီးကျူးခန်း ဖွင့်သူ အများအပြား ရှိပါလိမ့်မယ်။


 
ရုပ်သံမြင်ကွင်းမှာ မေမေနဲ့ တခြားသူတွေကို မမြင်ရပါ။ သူတို့ ဘာတွေ လုပ်နေလဲ မသိရပါ။
သူတို့ရဲ့ အမူအယာကြောင့် ကလေးရဲ့ မျက်နှာပြင် အပြောင်းအလဲ ဖြစ်သွားတာလည်း ဖြစ်နိုင်တာပါပဲ။

ကလေးခံစားချက် အပြောင်းအလဲဟာ မိခင်ရဲ့ သီချင်းသံကြောင့်လား၊ ဒါမှမဟုတ် ပရိသတ် မမြင်ရတဲ့ ပြုမူလှုပ်ရှားမှုတွေကြောင့်လား ဆိုတာကိုလည်း မေးခွန်းထုတ်နိုင်တယ်လို့ ယူဆသူက ယူဆပါလိမ့်မယ်။

ဧရာဝတီဘလော့ဖတ်သူတွေထဲက အင်တာနက် မြန်နှုန်းသင့် မြန်နှုန်းမြင့်သူများအတွက် ရုပ်သံဖိုင်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


 





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved