သဘာဝတရားကို ခံစားပါ

Wednesday, October 23, 2013




~


မနက်ကတည်းက စာသင်ခန်းတွေကို တစ်ခန်းဝင်တခန်းထွက် အတန်းကူးနေတာ နေ့လယ် ၁၂း၃ဝ မှ ခဏ နားရတဲ့အတွက် ကျောင်းအဆောက်အအုံ အပြင်ဘက်ထွက်လိုက်တော့မှ
ညို့မှိုင်းနေတဲ့ ကောင်းကင်ကြီးနဲ့ တဖြိုက်ဖြိုက်ကျနေတဲ့မိုးစက်လေးတွေကိုကြည့်ရင်း ရင်ထဲမှာ ဝမ်းနည်းဝမ်းသာကြီး...။


မိုးမျှော်နေသူမို့ မိုးစက်လေးတွေ၊ မိုးအနံ့ပါတဲ့ လေလေးကို ရှုရှိုက်ခွင့်ရလို့ ရင်ထဲ အေးချမ်းသွားပင်မယ့်.. အချိန်တိုင်းလိုလို ဗြောင်းဆန်ပြီး ပြာယာခတ်နေတတ်တဲ့
ကျွန်မက သဘာဝတရားကြီးရဲ့ အလိုက်သိမှုကို မျက်ကွယ်ပြုသလိုဖြစ်နေလို့ ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်မိတယ်...

ဘေးကသူငယ်ချင်းကလည်း အရောက်ကိုပို့တာ...
နင်ဒီနေ့မိုးရွာမှာ မသိဘူးလား။ မနက်တည်းက ရွာနေတာ တဲ့..။
အနောက်တိုင်းနိုင်ငံတွေမှာ မိုးလေ၀သ သတင်းကို တစ်ရက်ကြိုကြည့်ပြီး အဝတ်အစားကအစ ကြိုတင်ပြင်ဆင်တာ အလေ့အထလိုဖြစ်နေကြတယ်။
ကိုယ်က မြန်မာပြည်က လာသူမို့ မိုးလေ၀သ သတင်း ပုံမှန်ကြည့်လေ့မရှိသေးတဲ့အကြောင်း သူငယ်ချင်းကို ရှင်းမပြဘဲ ကားပေါ် ခပ်သုပ်သုပ်တက်ပြီး ကျွန်မရဲ့ ဖေးဘရိတ် ကော်ဖီဆိုင်လေးကို မောင်းလိုက်ပါတယ်။

ဆိုင်ရောက်တော့ မှာနေကျကော်ဖီ နဲ့ ဆင်းဒ၀စ် မှာ၊  ပြတင်းပေါက်နဲ့နီးတဲ့ စားပွဲလေးမှာ သွားထိုင်ပြီး သဘာဝတရားရဲ့ အလှကိုခံစားရင်း  7-11 စတိုင်းဆိုင် ဖွင့်ထားသူ ကျွန်မ အဒေါ်ရဲ့စကားကို ပြန်စဉ်းစားမိပြီး ပြုံးနေမိပါတယ်။

အဒေါ်က ကျွန်မရဲ့မိုးသည်းတဲ့နေ့ကဗျာကို ဖတ်ပြီး...
နင့်လို မိုးရွာတာကို ကော်ဖီခွက် ကိုင်ပြီး မလွမ်းနိုင်ပါတော် ..။ ဆိုင်မှာ မိုးရွာရင် ဧည့်သည် အလာနည်းလို့ စိတ်ပျက်ရတာကတမျိုး၊ လွမ်းဖို့ကြံရင် ခပ်ကြဲကြဲလာတဲ့ ဧည့်သည်တွေကို ပြုံးပြရတာနဲ့ လွမ်းချိန်တောင်မရှိဘူး တဲ့။

သူပြောတာလည်းမမှားပါ။ မေမေကလည်း ကျွန်မကိုတစ်ခါပြောဖူးတယ် ...
သမီးရယ် တခါတလေလေးလည်း ကောင်းကင်လေးဘာလေး မော့ကြည့်ပါဦး။ တစ်ချိန်လုံး စာဖတ်ရင်ဖတ်၊ မဖတ်ရင် ဖုန်းကိုကြည့်ပြီး ဘာတွေရသလဲ တဲ့။

မှတ်မှတ်ရရ အဲဒီညက ကောင်းကင်မှာကြယ်တွေစုံတဲ့ညမို့ မေမေနဲ့ သဘာဝတရားကြီးရဲ့အလှ ခံစားခွင့်ရလိုက်တယ်။

ကျွန်မတို့အားလုံး
လောကီအရေးအတွက်ကြိုးပမ်းရ..၊ သေရင်ဒါပဲပါမှာ ဆိုပြီး ဘုရားတွေရှိခိုး၊   အလှုတွေလုပ်..။ အဲဒါတွေ မလုပ်နိုင်ရင်လည်း တခြား လုပ်နိုင်တာတွေ တပြိုင်နက် သိမ်းကြုံးလုပ်နေတာ ကောင်းကင်တောင် မော့မကြည့်နိုင်တဲ့ဘဝ...။

ကျွန်မတို့ကို ကတိမဖျက်၊ သစ္စာမဖောက်၊ အချိန်နဲ့အမျှ သူ့အလုပ်သူလုပ်နေတဲ့ သဘာဝတရားရဲ့ အလှတရားကြီးကို မျက်ကွယ်ပြုပြီး..ကျွန်မတို့တွေပာာ လောဘမောပာဒါသတို့ရဲ့ သားကောင်တွေ တဖြည်းဖြည်း ဖြစ်လာကြတယ်မဟုတ်လား...။

တခါတလေ ကျွန်မတို့တွေ ဗြောင်းဆန်နေတဲ့ လောကကြီးကနေ ငါးမိနစ်လောက်ထွက်ပြီး ကျွန်မတို့အပေါ်သစ္စာစောင့်နိုင်လွန်းတဲ့ သဘာဝတရားရဲ့အလှအပကိုအသိအမှတ်ပြုခံစားသင့်တယ်....

တန်ဖိုးကြီးနေရာတွေ တန်ဖိုကြီးပစ္စည်းတွေပာာ ခဏတာသာ စိတ်ချမ်းသာမှုကို ပေးနိင်ပင်မဲ့ သဘာဝတရားရဲ့ အလှတရားကတော့ ကျွန်မတို့ကို  လန်းဆန်းစေတာ ထာဝါရပါပဲ။

ကျွန်မအတွေးလေး မဆုံးမှီမှာဘဲ  အတန်းပြန်တက်ဖို့အချိန်နီးနေကြောင်း တယ်လီဖုန်းကနေ အသံပေးလိုက် လို့ ကျွန်မတစ်ယောက် ပြောင်းဆန်တဲ့ လောကကြီးထဲကို ပြေးခဲ့ရပြန်ပါတယ်။

အနီတာ ဘာရာဒွါဂျာ




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved