ဒေါ်အောင်ဆန်းစုကြည် Sakharov ဆုလက်ခံယူ

Wednesday, October 23, 2013



ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပပါလီမန်က ၁၉၉၀ ခုနှစ်အတွက် ချီးမြှင့်သည့် လူ့ အခွင့်အရေးဆု (Sakharov Prize) ကို အောက်တိုဘာလ ၂၂ ရက်နေ့က ပြင်သစ်နိုင်ငံ စထရာဘုဂ်မြို့မှာ လက်ခံယူ လိုက်ပါတယ်။ 

 ဥရောပ ပါလီမန် ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်အား Sakharov ဆုပေးအပ်စဉ်၊ ဓာတ်ပုံ- ဥရောပပါလီမန် သတင်းဝက်ဆိုက်

ဥရောပ ပါလီမန် ဥက္ကဋ္ဌ Martin Schulz က ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါ Sakharov ဆုကို အထူးအခမ်းအနား ကျင်းပပြီး ပေးအပ်လိုက်ခြင်းဖြစ်တယ်လို့ ဥရောပ ပါလီမန်ရဲ့ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြပါတယ်။


ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၃ နှစ်ကြာမှ အခုလို လူကိုယ်တိုင် လက်ခံယူနိုင်တာ 
ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်က ဆုပေးပွဲ အခမ်းအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် က မိခင်ကိုယ်စား ခေတ္တလက်ခံရယူခဲ့ပါတယ်။

ဥရောပ ပါလီမန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေ အကြီးအကျယ်လုပ်ခဲ့တာပါ။ 



အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံး နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတာ  ၃ နှစ်ကျော် ကြာတဲ့အချိန်မှာ ဒီဆုကို လက်ခံနိုင်ပြီလည်းဖြစ်ပါတယ်။

   

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved