ဦးသိန်းစိန် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရမလား

Wednesday, October 9, 2013

~


 


နိုဗဲလ်ငြိမ်းချမ်းရေးဆု ဘယ်သူရမယ် ဆိုတာကို ရက်ပိုင်းအတွင်း ကြေညာတော့မှာပါ။
ဒီဆုကြီးအတွက် အမည်စာရင်းတင်သွင်းပြီးသွားတဲ့ ဖေဖော်ဝါရီလတုန်းကတော့ ဆုရနိုင်ချေရှိသူများထဲမှာ မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးဖော်ဆောင်သူ သမ္မတဦးသိန်းစိန်လည်း တယောက် အပါအ၀င်ပေါ့။

အဲဒီလို အစချီ ရေးထားတာကတော့ ဧရာဝတီစာမျက်နှာမှာ စောစောကလေးတင် ဖော်ပြလိုက်တဲ့ Should Thein Sein Get the Nobel Peace Prize?  ဆိုတဲ့ ဆောင်းပါးပါပဲ။

ဆောင်းပါး အစပိုင်းမှာ ဦးသိန်းစိန်ရဲ့ တပ်မတော်အစိုးရခေတ် တာဝန်ယူမှုများကို ဖတ်ရမှာပါ။

စစ်ဗိုလ်တွေ စစ်သားတွေက ပေးတဲ့အမိန့်ကို လိုက်နာခဲ့ရသူတွေပါ ဆိုတဲ့ ဦးသိန်းစိန်ရဲ့ BBC သတင်းဌာန အင်တာဗျူးအတွင်း ပြောဆိုချက်ကိုလည်း ထည့်ရေးထားပါတယ်။
၈၈ လူထုလှုပ်ရှားမှု၊ ရွှေဝါရောင်တော်လှန်ရေး တို့ကို ချေမှုန်းခြင်းနဲ့ စစ်အရာရှိတို့ရဲ့ အခန်းကဏ္ဍအကြောင်း မေးမြန်းရာမှာ သို့ကလို ဖြေလိုက်တာပါ။

ပြီးတော့ သိပ်မကြာသေးခင်က ဦးသိန်းစိန်ရဲ့ ပြောဆိုချက်တချို့ဆိုတာကိုလည်း ဆက်စပ် ရေးထားပါသေးတယ်။
ဗြိတိသျှကိုလိုနီအစိုးရလက်ထက်မှာ အဓိကတံတားကြီး ဆိုလို့ တစင်းပဲ ဆောက်ခဲ့တယ်၊ တပ်မတော်အစိုးရခေတ် ၂၃ နှစ်မှာ တံတားတွေ အစင်း တရာထက် မနည်း ဆောက်ခဲ့ပါတယ် တဲ့။
ဒါက ဘာကို ဆိုလိုတာလဲ။
စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ဟာတွေကို မေ့လိုက်ပါတော့။ ပေးတဲ့တာဝန်အတိုင်း လုပ်ရတာပါ လို့ ဆိုလိုတာလား။
စသဖြင့် စသဖြင့်  ရေးထားတာကို ဆောင်းပါးမှာ ဖတ်ရပါမယ်။ http://www.irrawaddy.org/contributor/thein-sein-get-nobel-peace-prize.html မှာ မူရင်းဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။
Should Thein Sein Get the Nobel Peace Prize? ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

ဆောင်းပါးရှင်မြင့်ဇံက မလေးရှားနိုင်ငံတက္ကသိုလ်တခုက ပါမောက္ခတဦး ဖြစ်ပါတယ်။ 

ကဲ .... ဆုရသူအမည်စာရင်း ကြေညာခါနီးပါပြီ။
ဦးသိန်းစိန် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရမလား။
အင်း.... ရနိုင်ချေရှိပါတယ်။
ဟိုတလောဆီက အမေရိကန်သမ္မတအိုဘားမားကြီးတောင်မှ အလကားနေရင်း အဲဒီဆု ရသွားသေးတယ်မဟုတ်လား။
ဦးသိန်းစိန်က သိပ်......................ရနိုင်တာပေါ့။

ဖမ်းထားတဲ့နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလှုပ်ရှားမှုနဲ့တနည်းတဖုံဆက်စပ်သူတွေကို ထောင်က လွှတ်ပေးတယ်၊ သိပ်မကြာခင်မှာလည်း သူပုန်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေး စီမံနေတယ်၊
အတိုက်အခံခေါင်းဆောင်နဲ့ ဒီမိုကရေစီလှုပ်ရှားသူတချို့ကို လွှတ်တော်ထဲရောက်အောင် စီမံတယ် စတာတွေက ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေပါပဲ။

တကယ်လို့ လာမယ့်ရက်အတွင်း ဒီနှစ်အတွက်နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ကတော့ ဦးသိန်းစိန် ဖြစ်ပါတယ် လို့များကြေညာလိုက်ရင်
ဟင်ခနဲ ဟာခနဲ ဖြစ်သွားကြသူတွေ ရှိမှာပါ။
ဒီနှစ်အတွက်နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ဟာ ဦးသိန်းစိန် မဟုတ်ဘူးဆိုရင်လည်း ဟင်ခနဲ ဟာခနဲ ဖြစ်သွားကြသူတွေ ရှိမှာပါ။
ရစေချင်တဲ့သူတွေ ရှိသလို မရစေချင်တဲ့သူတွေလည်း ရှိတယ်လို့ ဆိုလိုပါတယ်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ရဲ့အမည်ကို သဘက်ခါ အောက်တိုဘာ ၁၁ နော်ဝေနိုင်ငံစံတော်ချိန် မနက် ၁၁ နာရီမှာ ကြေညာပါလိမ့်မယ်။

ဆုရှင်ရဲ့အမည်ဟာ  ဦးသိန်းစိန်  ဟုတ်မဟုတ်ကို အဲဒီအခါ သိရမှာဖြစ်ပါတယ်။

ဆက်စပ် -

http://www.irrawaddy.org/contributor/thein-sein-get-nobel-peace-prize.html  
Should Thein Sein Get the Nobel Peace Prize?



.

3 comments :

  1. Anonymous said... :

    စစ်ဗိုလ်တွေ စစ်သားတွေက ပေးတဲ့အမိန့်ကို လိုက်နာခဲ့ရသူတွေပါ ဆိုတဲ့ သမ္မတကြီးသိန်းစိန်ရဲ့ BBC သတင်းဌာန အင်တာဗျူးအတွင်း ပြောဆိုချက်ကိုအ၇သမ္မတကြီးသိန်းစိန်နှင့်နိုဘယ်လ်ဆု..မထိုက်တန်ပါ။ယခုအချိန့်ထိအထက်ကပေးတဲ့အမိန့်အတိုင်းလုပ်နေတာပါ။သနားဘို့လဲကောင်းပါတယ်။

  1. Anonymous said... :

    ၂၀၁၄ မှာမှ ပေးလိမ့်မယ်လို့ ထင်ပါတယ်၊ ဒီနှစ်တော့ နဲနဲစောလိမ့်အုံးမယ်ထင်တယ်.....

  1. Anonymous said... :

    ဆုမျှော်တာ ဆုအကြောင်းပြောနေကြတာက ဘေးကလူတွေပါပဲ
    တကယ်တမ်းအလုပ်လုပ်နေသူတစ်ဦးကတော့ သူ့အာရုံမှာ လုပ်သင့်တာကိုလုပ်ဖို့ကလွဲလို့ ဘာမှမရှိနိုင်ပါ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved