သံတွဲဖြစ်ရပ်နဲ့ အစိုးရရဲ့အောက်တိုဘာ ၂ သတင်းထုတ်ပြန်ချက်

Wednesday, October 2, 2013


 ~



ဒီရက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့ အခြေအနေနဲ့ ပတ်သက်ပြီး  ဒီကနေ့ ညနေပိုင်း အစိုးရရဲ့ သတင်းထုတ်ပြန်ချက် ဖြစ်ပါတယ်။

ဒါကို ည ၈း၀၀ နာရီမှာ မြန်မာ့ရုပ်မြင်သံကြားကနေလည်း
ထုတ်လွှင့်သွားတာ တွေ့ရပါတယ်။

မဖတ်ရသေးသူများအတွက်  ကူးယူ ဖော်ပြလိုက်ပါတယ်။



ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ပြည်သူချင်းအငြင်းပွားမှုဖြစ်စဉ်ကိုအကြောင်းပြု၍ ပဋိပက္ခအချို့ ဖြစ်ပေါ် ခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်များအတွင်း နှစ်ဘက်လုံးမှ ထိခိုက် ဒဏ်ရာရသေဆုံးမှုအချို့ ရှိသကဲ့သို့ အိုးအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ထိခိုက် နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်နစ်နာခဲ့သည့် ပြည်သူ များနှင့်ထပ်တူ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။

နိုင်ငံတည်ငြိမ်အေးချမ်းမှု၊တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် မှု အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ် ပွားရခြင်းသည် ရခိုင်ပြည်နယ်အတွက်သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်း ဖြစ် ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ် နိုင်ရေး၊ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေးနှင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည်တည်ဆောက်ပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ကြောင်း ဖော်ပြအပ်ပါသည်။
 

ဆက်စပ်သတင်းများ

http://burma.irrawaddy.org/news/2013/10/02/48891.html
သံတွဲ ပဋိပက္ခ သေဆုံးသူ ၅ ဦး အထိရှိ


http://www.irrawaddy.org/burma/violence-continues-southern-arakan-state-6-reported-killed-60-homes-destroyed.html
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved