မနက်ဖြန်တွေ ပျောက်ဆုံးနေတဲ့ သံတွဲအလှမြေက သူတို့ အသံတွေ

Tuesday, October 8, 2013


ဧရာဝတီ သတင်းထောက် လ၀ီဝမ်နဲ့ စတိဗ်တစ်ကနာတို့ ၂ ဦးဟာ ရခိုင်ပြည်နယ် သံတွဲမြို့ကို သွားရောက် သတင်းရယူခဲ့ကြပါတယ်။

အိမ်မီးရှို့ခံရ၍ သံတွဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် လာရောက်ခိုလှုံနေရသော ပေါက်တော ရွာသူများ (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)

အဲဒီမှာ သတင်းရယူစဉ်ကာလအတွင်း သတင်းထောက် လ၀ီဝမ်ဟာ အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရ ပါသေးတယ်။ သတင်းသမားတဦးရဲ့ မျှမျှတတ သတင်းတင်ပြနိုင်ရေးအတွက် ဒီလို အခက်အခဲတွေ ကို ကျော်လွှားပြီး "ကျမတို့မှာ အနာဂတ် ပျောက်နေပြီ" ဆိုတဲ့ သတင်းကို သံတွဲဒေသက နေ ပေးပို့ လာပါတယ်။ 

"ကျမတို့မှာ အနာဂတ် ပျောက်နေပြီ"

ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့အနီးတ၀ိုက်ရှိ အနည်းဆုံးရွာ ၅ ရွာတွင် အကြမ်းဖက်တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့ပြီး အခြေအနေက တည်ငြိမ်စပြုလာသလို ထင်ရသည်။

သို့သော်လည်း ရခိုင်ဗုဒ္ဓဘာသာဝင် လူအုပ်ကြီး၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာခဲ့ရသည့် ရာနှင့် ချီသော မွတ်ဆလင် ရွာသားများ ကတော့ ဟိုဒီ ပြန့်ကျဲလျှက် ကျန်နေသေးသည်။ အချို့က အနီးအနား က မွတ်ဆလင်ရွာတွေဆီ ထွက်ပြေးကြရသည်။ အချို့က တောအုပ်တွေ အတွင်းမှာ ဒါမှမဟုတ် အခြား ပုန်းအောင်းလို့ ရသည့် နေရာတွေမှာ ပုန်းရှောင်နေကြရသည်။

ကြာသပတေးနေ့ ညနေပိုင်းမှာတော့ မွတ်ဆလင် အုပ်စုငယ်အချို့ ရဲတွေစောင့်ကြပ်နေသည့် ရွာတွေထဲကို ပြန်ဝင်လာကြပြီး မိမိတို့ နေအိမ်များမှ ကျန်ခဲ့သမျှ ပိုင်ဆိုင်မှုလေးတွေကို ကောက်ယူ စုဆောင်းဖို့ ရောက်လာကြသည်။

အင်္ဂါနေ့က အိမ် ၂၈ လုံး မီးရှို့ခံလိုက်ရသော ပေါက်တောရွာ အတွင်းသို့ ကြောက်ရွံ့ နေပုံရသည့် ကမန်လူမျိုး မွတ်ဆလင် မိသားစု ၀င်ရောက်လာပြီး သူတို့ ပိုင်ပစ္စည်း အချို့နှင့် မွေးမြူထားသည့် တိရိစ္ဆာန်တွေကို ပြန်လည် သိမ်းဆည်းနေချိန်မှာ လက်နက်ကိုင် မထားသည့် ရဲတပ်ဖွဲ့ဝင် အချို့က လုံခြုံရေး စောင့်ကြပ်ပေးကြသည်။

“ကျနော့် ဘ၀တော့ ဆုံးပါပြီ၊ ကျနော့် ဘ၀တော့ ဆုံးပါပြီ” ဟု အသက် ၃၀ အရွယ် ကိုဘစောလေးက တဖွဖွ ပြောရင်း ထရပ်ကားငယ်တစီး ပေါ်သို့ သူ့မိသားစုပိုင် ပစ္စည်းအချို့ကို တင်ရင်းနှင့် ပြောနေချိန်တွင် ရွာပတ်လည်က လယ်ကွင်းတွေ ပေါ်ကို အမှောင်ထုက တဖြည်းဖြည်းလွှမ်းလာသည်။

အခုတော့ ဇာတိရွာမှာ သူ ဆက်နေလို့ မဖြစ်နိုင်တော့ပါ။ “သူတို့ ကျနော့် အိမ်ကို မီးရှို့လိုက်ကြတယ်။ အခု ကျနော့်မှာ နေစရာ မရှိတော့ဘူး” ဟု သူက ပြောသည်။

အပြည့်အစုံကို  ဒီနေရာကတဆင့် (http://burma.irrawaddy.org/news/2013/10/08/49204.html)  ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သွားရောက်ဖတ်နိုင်ပါပြီ။

သံတွဲမြို့ ခရီးစဉ်မှာ ရိုက်ကူးထားတဲ့ အမှတ်တမ်းဓာတ်ပုံများကိုလည်း ဧရာဝတီက ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ အသက် ၈၅ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် ဒေါ်မလှ

သပြုချိုင်ရွာ ရခိုင် ဘုန်းတော်ကြီးကျောင်းမှာ နေအိမ်တွေ မီးရှို့ခံရလို့ ခိုလှုံနေတဲ့ သူတချို့ 

နေအိမ်မီးရှို့ဖျက်ဆီးခံလိုက်ရသူတွေအတွက် ခိုလှုံရာ ပေးထားတဲ့ သပြုချိုင်ဆရာတော် ဥပညာဇောတ

သပြုချိုင်ရွာက ဗုဒ္ဓဘာသာဝင်တဦး

အီရန်နိုင်ငံက လှူဒါန်းထားတဲ့ တဲ

မီးသင့်သွားတဲ့ အိမ်နေရာမှာ အိမ်ရှင်ရဲ့ စက်ဘီးတစီး

ဒီအိမ်က မီးရှို့ဖျက်ဆီးတာ မခံလိုက်ရပေမယ့် အိမ်ကို စွန့်ပြီး အဝေးကိုထွက်ပြေးသွားခဲ့ကြ

ဗုဒ္ဓဘာသာ သာသနာ့အလံစိုက်ထူထားခဲ့ပေမယ့် မီးလောင်ပျက်ဆီးသွားတဲ့ နေအိမ်

သပြုချိုင်ရွာက ကမန်မွတ်စလင် ကိုဆန်းမြင့်

သပြုချိုင်ရွာက ကမန်ဗလီနဲ့ မျက်နှာချင်းဆိုင်ရှိ ကမန်မွန်စလင် အမျိုးသားတစု

သပြုချိုင်ရွာက သိပ်မဝေးတဲ့ နေရာတခုက အိမ်မှာ တိတ်တိတ်လေး ထိုင်းနေတဲ့ ကမန်မွတ်စလင် အမျိုးသားတဦး

သပြုချိုင်ရွာက ကမန် မောင်နှမ

သပြုချိုင်ရွာက ကမန်မွတ်စလင် အမျိုးသမီးတစု

ဆော်ဒီအာရေဗျနိုင်ငံက လတ်တလော ပဋိပက္ခတွေကြောင့် လှူဒါန်လာတဲ့ တဲတွေ 

နေအိမ်တွေ မီးလောင်ပျက်ဆီးကုန်လို့ ဘုရားနဲ့ ဘုန်းကြီးကျောင်းဝန်းတွေမှာ လာခိုလှုံနေကြတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုတွေ 

ပဋိပက္ခဖြစ်တဲ့ဒေသက မိဘတွေကို စောင့်မျှော်နေတဲ့ လူမမယ်ကလေးငယ်တွေ 

ပဋိပက္ခတွေအတွင်း အိမ်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင် ဦးစိန်ထွန်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved