သမ္မတကို ဖိတ်ထားတဲ့ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ

Thursday, October 31, 2013

~


  ၂၀၁၅ ခုနှစ်မှာ အာဆီယံ စီးပွားရေး အသိုက်အဝန်း  (AEC)ကို စတင် အကောင်အထည်ဖော်ပါမယ်။
ပေါ်ပေါက်လာတော့မယ့် AEC အတွက် မြန်မာပြည်မှာလည်း ပြင်ဆင်မှုတွေ လုပ်နေပါပြီ။
 


 ပြင်ဆင်မှုတွေထဲမှာ အဲဒီကာလအတွင်း အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေအကြောင်း ဆွေးနွေးခြင်းလည်း ပါပါတယ်။

လာမယ့် ၉ ရက်နေ့မှာ AEC ဆိုင်ရာ ဆွေးနွေးပွဲကြီးတခု ရန်ကုန်မှာ ပြုလုပ်မယ်၊
လို့ ဆွေးနွေးပွဲ စီစဉ်တဲ့  ပါရမီစွမ်းအင်ကုမ္ပဏီအုပ်စုက ပြောပါတယ်။

AEC ရဲ့ သဘောသဘာဝ၊ အခက်အခဲ၊ အခွင့်အရေးတွေကို ပညာရှင်တွေ လုပ်ငန်းရှင်တွေ မူဝါဒ ချမှတ်သူတွေ   အသိပညာ စိတ်ကူး ဖလှယ်စေချင်လို့ ဒီလို ဆွေးနွေးပွဲတွေ ပြုလုပ်နေရတာဖြစ်တယ်လို့  ပါရမီအုပ်စုရဲ့ အကြီးတန်းအကြံပေး ဦးတင်ချိုက သတင်းထောက်များကို ပြောပါတယ်။

အဲဒီပွဲကို သမ္မတ ဦးသိန်းစိန်လည်း တက်စေလိုတဲ့အတွက် ဖိတ်ကြားစာ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
သမ္မတ တက်ရောက်နိုင်ရင် ကောင်းမယ်၊ တက်မတက် ဆိုတာကိုတော့ သေချာ မသိရသေးပါဘူး တဲ့။

 ၂၀၁၄ အတွက် မြန်မာပြည်က အာဆီယံဥက္ကဋ္ဌဖြစ်မယ့် အချိန်နဲ့  တိုက်ဆိုင်နေတဲ့ ဒီဆွေးနွေးပွဲကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်လုပ်ကြမယ်လို့  ဦးတင်ချိုက ပြောပါတယ်။

နိုဝင်ဘာ ၉၊ စနေနေ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း (SME)

အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဆိုတာ ဘယ်လိုဟာမျိုးလဲ။
ပါရမီက ဇူလိုင်မှာ ထုတ်ဝေတဲ့ AEC Perspectives စာစောင်မှာ အခုလို ရှင်းထားပါတယ်။

အသေးစားစက်မှုလုပ်ငန်း သတ်မှတ်ချက် -

  • မြင်းကောင်ရေအား ၂၅ အောက် အသုံးပြုမှု၊
  • ဝန်ထမ်းဦးရေ ၅ဝ အောက်၊
  • ပစ္စည်းပိုင်ဆိုင်မှု ကျပ် ၁ သန်းအောက်၊
  • နှစ်စဉ် အရောင်းပမာဏ ကျပ် ၂ သန်းခွဲအောက်။
အလတ်စား စက်မှုလုပ်ငန်း သတ်မှတ်ချက် -
  • မြင်းကောင်ရေအား ၂၅ နဲ့ ၅၀ ကြား၊
  • ဝန်ထမ်းဦးရေ ၅ဝ နဲ့ ၁ဝဝ ကြား၊
  • ပစ္စည်းပိုင်ဆိုင်မှု ကျပ် ၁ သန်း နဲ့ ၅ သန်းကြား၊
  • နှစ်စဉ် အရောင်းပမာဏ ကျပ် ၂ သန်းခွဲ မှ ၁ဝ သန်းကြား။


(အပေါ်ပုံ - ဒီမနက် ပါရမီရုံးခန်းမှာ သတင်းသမားတွေကို ရှင်းပြနေတဲ့ ဦးတင်ချို)

  • ဆက်စပ်သတင်း -

SME များ အတိုးနှုန်းသက်သာစွာ ငွေချေးနိုင်ရန် ဆောင်ရွက်ပေးတော့မည်
http://burma.irrawaddy.org/%E1%81%80_business/2012/09/20/20759.html

SME သည် မြန်မာ့စီးပွားရေး “ထွက်ပေါက်
http://burma.irrawaddy.org/%E1%81%80_business/2012/09/13/20125.html

AEC အတွက် အရှိန်ယူနေတဲ့ မွန်ဒေသကုန်သည်ကြီးများ
http://blog.irrawaddy.org/2013/05/aec.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved