အလှမယ် ထားထက်ထက်ကို အွန်လိုင်းကနေ မဲပေးခြင်း

Tuesday, October 29, 2013



~


  ထိုင်းနိုင်ငံမှာလုပ်မယ့် Miss Grand International  ကို  မြန်မာပြည်ကိုယ်စားပြုဝင်ပြိုင်သူ    အလှမယ် ထားထက်ထက်ကို အွန်လိုင်းကနေ မဲပေးနိုင်ပါပြီ။

အချိန်အထိတော့ မြန်မာက မဲအများဆုံး ရနေတာ တွေ့ရမှာပါ။


ထိုင်းအလှမယ်က 105  မဲ၊ အင်ဒို အလှမယ်က 327 မဲ၊ ဖိလစ်ပိုင် အလှမယ် 561 မဲ အသီးသီး ရနေကြပါတယ်။ ဒါက မဲများသူတွေရတဲ့ ပမာဏပါ။ မြန်မာထက် နည်းနေပါသေးတယ်။

အင်တာနက်သုံးသူ သန်းပေါင်းရာချီရှိတဲ့ တရုတ်ပြည်ကို ကိုယ်စားပြုတဲ့ အလှမယ်တောင်မှ ၂ မဲပဲ ရပါသေးတယ်။

မြန်မာတွေ ကိုယ့်အလှမယ်ကို အားပေးမှု အလုံးအရင်းနဲ့ရှိတယ် ဆိုတာကို  ပွဲတိုင်းပွဲတိုင်းမှာ တွေ့လာရပါပြီ။

ဗိုလ်လုပွဲကျင်းပဖို့
ရက် ၂၀ လိုပါသေးတယ်။ပွဲတွေကို ကြည့်ဖို့အတွက် အွန်လိုင်းကနေ လက်မှတ် ၀ယ်နိုင်ပါတယ်။ လိပ်စာက  ThaiTicketMajor.com ဖြစ်ပါတယ်။

ဒီပွဲ
ဘယ်မြို့တွေမှာလုပ်မယ်၊ ပထမဆုအတွက် ဆုကြေးငွေ သတ်မှတ်ချက် အစရှိတာတွေကို ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ 
ဘန်ကောက်မယ်ပြိုင်ပွဲမှာ ကမ္ဘာကျော်သီချင်းကို စောင်းနဲ့ အစွမ်းပြမယ် 
http://blog.irrawaddy.org/2013/10/blog-post_896.html ဆိုတဲ့ သတင်းနဲ့လင့်မှာ ပြန်ဖတ်နိုင်ပါတယ်။

လိုရင်းကို ဆက်ရေးပါမယ် - မြန်မာအလှမယ် ထားထက်ထက်ကို
မဲပေးမယ်ဆိုရင် မယ်ပြိုင်ပွဲ ၀က်ဆိုက် http://www.missgrandinternational.com/votemissgrand.php စာမျက်နှာကို သွားရပါမယ်။ 

Like Us On Facebook! ဆိုပြီး သူတို့ပြိုင်ပွဲကို ဖေ့စ်ဘုတ်မှာ Like လုပ်ပါ ဆိုတဲ့ တိုက်တွန်းချက် အကွက်တခု ပေါ်လာပါမယ်။ ကိုယ့်မှာ ဖေ့စ်ဘုတ်အကောင့် ရှိရင်

Like လုပ်နိုင်ပါတယ်။ ပြီးမှ Dislike လုပ်လည်း ရပါတယ်။
အဲဒီမှာ
Myanmar
Miss Htar Htet Htet ဆိုတဲ့ နာမည်နဲ့ သူ့ရဲ့ ပုံကို လိုက်ရှာပါ။



အထက်ပါပုံစံအတိုင်း တွေ့ရပါလိမ့်မယ်။ ပုံထဲမှာ မဲအရေအတွက် ၆၀၀ ကျော် ဆိုသော်လည်း အခု စာရေးနေချိန်မှာ ၇၀၀ ကျော်သွားပါပြီ။ တချို့လည်း ဘဲဥ မကွဲသေး၊ တချို့လည်း ဘဲဥ ကွဲရုံတင်လေးပါပဲ။

Vote ဆိုတဲ့ စာလုံးအထက်က ကွက်လပ်ထဲ ကိုယ့်အီးမေးလိပ်စာ ရိုက်ထည့်ပြီး အဲဒီ Vote ဆိုတာကို တချက် ကလစ်လိုက်ပါတယ်။

ကျနော့် အီးမေးက ကျနော့် Facebook နဲ့ တွဲနေတဲ့အတွက် အထက်ပါ စာမျက်နှာ ပိစိလေး ကျလာပါတယ်။ 

ပြီးတော့ Vote Contest would like to post to Facebook for you. ဆိုတဲ့စာကြောင်း ပေါ်လာပါမယ်။ ကိုယ်က ဒီပြိုင်ပွဲစာမျက်နှာကို Share လုပ်ကြောင်း ကိုယ့်ဖေ့စ်ဘုတ်မှာ ပေါ်လာပါမယ်။

ကျနော် မဲပေးလိုက်တဲ့ မဲပေးတဲ့စာမျက်နှာမှာ အထက်ပါအတိုင်း ပေါ်လာတာ တွေ့ရပါတယ်။
ကျနော်က 692 ဦးမြောက် မဲပေးသူပါပဲ။

အွန်လိုင်းမဲရုံ ဘယ်တော့ ပိတ်မယ် မသိပါ။ သရဖူဆောင်းမယ့်သူကိုနောက်ဆုံးရွေးချယ်မယ့်အချိန်က ရက် ၂၀ လိုသေးတယ် ဆိုတော့  နောက်ထပ် ၁၅ ရက်လောက်တော့ မဲပေးနိုင်ဦးမယ်လို့ ယူဆရပါတယ်။

ဒီနှုန်းအတိုင်းပဲ သွားမယ် ဆိုရင် မြန်မာအလှမယ်က မဲအများဆုံး ရပါလိမ့်မယ်။
ဒီအတိုင်းမဟုတ်ဘဲ တခြားနိုင်ငံတွေက သူတို့အလှမယ်ကို မဲပေးရေးမှာ တက်ကြွလာကြမယ် ဆိုရင်ဖြင့် အခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် -

ဘန်ကောက် နိုင်ငံတကာမယ်ပြိုင်ပွဲဝင်မယ့် ထားထက်ထက် 
http://blog.irrawaddy.org/2013/10/blog-post_15.html

Miss Grand Myanmar 2013 ထားထားထက် ဘာတွေ ပြောထားလဲ 
http://blog.irrawaddy.org/2013/10/miss-grand-myanmar-2013.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved