အမျိုးသမီး နဲ့ စစ်ရေး

Saturday, October 26, 2013

~

တပ်မတော်သား ဆိုရင် အမျိုးသားတွေကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။
အမျိုးသမီးတွေကရော တပ်မတော်မှာ တာဝန် မထမ်းဆောင်နိုင်ဘူးလား။ 


 


တရုတ်ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတွေလို့ ယူဆရတဲ့ပုံတွေကို အင်တာနက်သုံးသူတချို့ကြား မှာ ဖြန့်နေပါတယ်။

စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေ လေ့ကျင့်နေပုံ၊ ဘောလုံးကန်နေပုံတွေပါ။

တချို့ကလည်း ဒါဟာ တကယ့် လေ့ကျင့်ရေးကျောင်း မှတ်တမ်းဓာတ်ပုံတွေလို့ ယူဆကောင်း ယူဆပါလိမ့်မယ်။

တရုတ်ပြည်က စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေ ဒီလိုပဲ ဆက်ဆီကျကျ ဖက်ရှင်ပြသလား ဆိုတာတော့ သေချာ မသိရပါဘူး။

ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ဆွဲဆောင်မှုကိုယ်စီ ရှိကြပါတယ်။

စစ်သင်တန်းတွေမှာ အမျိုးသမီးများ လေ့ကျင့်နေတဲ့ပုံရိပ်တွေက တွေ့ရတာ ကြုံတောင့်ကြုံခဲဖြစ်တယ် ဆိုတဲ့ အချက်ကြောင့်လည်း  ဒီပုံတွေက ပိုပြီး ဆွဲဆောင်မှု ရှိနေပါတယ်။

တိုက်ဆိုင်တယ်လို့ ဆိုနိုင်တဲ့ အချက်က ...မြန်မာပြည်မှာ အမျိုးသမီးတွေ ဗိုလ်သင်တန်းလျှောက်နိုင်ခွင့်သတင်း ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာ ဒီပုံတွေ တက်လာတာပါ။

ဗိုလ်သင်တန်းသတင်းကို ဧရာဝတီမှာ ဖော်ပြခဲ့ပြီးပါပြီ။
အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည်ဟု စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြော http://burma.irrawaddy.org/news/2013/10/17/49671.html ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ဒီလလယ်ပိုင်းမှာ ထွက်ခဲ့တဲ့ ဒီသတင်းကို နိုင်ငံတကာ မီဒီယာတချို့မှာလည်း ရေးသား ဖော်ပြခဲ့ကြပါတယ်။

ဆက်စပ် ဖတ်သင့်တာကတော့ SSA နဲ့ အမျိုးသမီးစစ်သား  http://blog.irrawaddy.org/2013/02/ssa_22.html ဖြစ်ပါတယ်။ အမျိုးသမီးစစ်သည်တွေအကြောင်း စပ်မိလို့ ဆက်ရေးရရင် ... ကနေဒါ၊ ပြင်သစ်၊ အစ္စရေး၊ ဆွီဒင် တို့က သူတို့ရဲ့ အမျိုးသမီး စစ်သည်တွေကို ရှေ့တန်း လွှတ်ပါတယ်။ အမေရိကန်မှာ ဒီလို လွှတ်ဖို့ ပိတ်ပင်ခဲ့ပေမယ့် ဒီနှစ်ဆန်းပိုင်းမှာ ရှေ့တန်းမှာ တာဝန်ထမ်းခွင့်ပြု လိုက်ပါ တယ်။ အင်္ဂလန်ကတော့ စစ်မြေပြင်ကို အမျိုးသမီးစစ်သည်တွေ တာဝန်သွားယူရေး ခွင့်မပြုသေးပါ။ လွှတ်ရေး မလွှတ်ရေးက အငြင်းပွားစရာပါ။

မြန်မာပြည်မှာတော့ အခုမှ သင်တန်း ခေါ်ဆဲဖြစ်တာကြောင့် သူတို့ကို ရှေ့တန်း လွှတ်ရေး မလွှတ်ရေး က ပြဋ္ဌာန်းဖို့၊ အလေးအနက် ငြင်းခုံဖို့ စောနေဦးမယ် ထင်ပါတယ်။

သူတို့ ဗိုလ်သင်တန်းဆင်းချိန်ရောက်ရင် သေနတ်သံ ဘာသံ ညာသံ ဆူညံနေသေးတဲ့ မြန်မာပြည် အခြေအနေ ဘယ်လိုဖြစ်မလဲ။ ဒီထက် ပိုငြိမ်းချမ်းသွားဖွယ် ရှိပါတယ်၊ ဒါမှမဟုတ် အဲဒါရဲ့ ပြောင်းပြန် လည်း ဖြစ်နိုင်ပါတယ်။
သင်တန်းဆင်းချိန်ရောက်ရင်တော့ သူတို့ရဲ့ တာဝန်ပိုင်းနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှု သေချာပေါက် ရှိလာမယ်လို့ ယူဆပါတယ်။

.







 ဆက်စပ်

 SSA နဲ့ အမျိုးသမီးစစ်သား 
http://blog.irrawaddy.org/2013/02/ssa_22.html


.

2 comments :

  1. ko tun said... :

    ရဲဘော်တို့....အရှင်ရအောင်ဖမ်း.....
    ပြန်လွတ်ပေးမလို့ပါ
    တလွဲလျှောက်မတွေးနဲ့လေ၊

  1. Anonymous said... :

    အိပ်ချင်တယ်၊ဒါပဲသိတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved