ရန်ကုန်မှာ တွေ့ရမယ့် စီးပွားရေးဆိုင်ရာ ဟောပြောပွဲ

Wednesday, October 30, 2013

~


  စီးပွားရေးပညာရပ်နယ်ပယ်က ပညာရှင်  ၅ ဦးရဲ့ ဟောပြောပွဲကို လာမယ့် တနင်္ဂနွေနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ပါမယ်။

အချိန် နဲ့ နေရာကတော့ နေ့ခင်း ၁းဝဝ ကနေ ၄းဝဝ အထိ၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံး ဆွေးနွေးပွဲခန်းမ ဖြစ်ပါတယ်။
 

  • ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်)
  • ဦးသင်းမောင် (ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ  လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်)
  • ဦးတင်ဝင်းအောင် (ဥက္ကဋ္ဌ၊ MCC Group of Companies,  မြန်မာနိုင်ငံ စီးပွားရေး တက္ကသိုလ်ဘွဲ့ရများအသင်း)
  • ဦးဇော်သန်း (အယ်ဒီတာချုပ်၊ Eco Echo ဂျာနယ်)
  • ဦးကြည်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒီပွဲဟောပြောပွဲကို စီးပွားရေး၊ စာနယ်ဇင်း နဲ့ လေ့လာသူတွေ စိတ်ဝင်စားကြပါလိမ့်မယ်။

မေခဆောင်ဖောင်ဒေးရှင်းက စီစဉ်တဲ့ပွဲ ဖြစ်တယ်၊ မည်သူ မဆို တက်ရောက်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ဖောင်ဒေးရှင်းကို  မေခဆောင်မှာ နေထိုင်ခဲ့ကြသော အဆောင်မှူးဟောင်းများ၊ စီးပွားရေးတက္ကသိုလ်မှ ဆရာဟောင်းများ၊ ကျောင်းသားဟောင်းများနဲ့ ဖွဲ့စည်းထားတာလို့ သိရပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ပုံကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တွေ့ခဲ့ရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် အာစရိယပူဇော်ပွဲမြင်ကွင်းတခု ဖြစ်ပါတယ်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved