ကုန်စည်ပြပွဲနဲ့လက်တွဲမယ့် ပန်းချီပန်းပု ရေးဆွဲထုလုပ်မှု

Saturday, October 5, 2013

 ~







ရန်ကုန်မှာ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် ကုန်စည်ပြပွဲမှာ ပန်းချီပန်းပု ရေးဆွဲထုလုပ်မှု အစီအစဉ်တွေကိုလည်း ထည့်သွင်းထားပါတယ်။



~ ဆင်ဖြူကျွန်းအောင်သိန်း ~


အဲဒါကတော့ တပ်မတော်ခန်းမမှာလုပ်မယ့်   Yangon International Trade Exhibition မှာ ပန်းချီရွှေမြင့်၊ ပန်းပု ကျော်ကျော်မင်း   တို့က
စာပေ နဲ့ ပန်းချီလောက ဆရာကြီးများရဲ့ ပုံတူကို ဂုဏ်ပြု ရေးဆွဲ ထုလုပ်သွားမယ့်အစီအစဉ်ပါ။

ရေးဆွဲထုလုပ်မယ့်ရက်စွဲ၊ ဆရာကြီးများရဲ့အမည်တို့ကို ဖော်ပြပေးလိုက်ပါတယ်။

အောက်တိုဘာ ၁ဝ -  စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

အောက်တိုဘာ ၁၁ -  ပန်းချီမောင်မောင်သိမ်း (ပုသိမ်)

အောက်တိုဘာ ၁၂ - ပန်းချီလှတင်ထွန်း (ယဉ်ကျေးမှုတက္ကသိုလ် အငြိမ်းစား ဒုတိယ ပါမောက္ခချုပ်  ဦးသန့်ဇင်/စာရေးဆရာဝင်းပ)

အောက်တိုဘာ ၁၃  - ပန်းချီမြဟန်


~ ပန်းချီမောင်မောင်သိမ်း (ပုသိမ်) ~


 ကုန်စည်ပြပွဲနဲ့ ပန်းချီပန်းပု ရေးဆွဲထုလုပ်ခြင်းအစီအစဉ်ဟာ ယခင်က ရန်ကုန်မှာ မရှိခဲ့ဖူးဘူးလို့ ယူဆရပါတယ်။

သီးခြားစီ ဖြစ်ထွန်းခဲ့တဲ့ပွဲတွေ ဖြစ်ပြီး လာရောက်သူ ပရိသတ်ခြင်းလည်း ထပ်တူကျမှုမရှိပါ။
ဒီကုန်စည်ပြပွဲဟာ ထူးခြားတဲ့ ပြပွဲဖြစ်တယ်လို့ ပြောနိုင်သလို ဒီပန်းချီပန်းပုထုလုပ်ခြင်းအစီအစဉ်ဟာလည်း ထူးခြားတဲ့ အစီအစဉ်လို့ ဆိုရပါလိမ့်မယ်။

ဒီကနေ့က အောက်တိုဘာ ၅ ရက်နေ့ပါ။ ဒီတော့ လာမယ့် အောက်တိုဘာ ၁ဝ ကြာသပတေးနေ့က စတင်ပြီး ထူးခြားတဲ့တွဲစပ်မှုကို သွားရောက် လေ့လာနိုင်ကြတော့မှာဖြစ်ပါတယ်။

 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved