မိုးစက်ဝိုင် Miss Universe Myanmar 2013 သရဖူဆောင်း

Friday, October 4, 2013



အမျိုးသား ကဇာတ်ရုံမှာ အောက်တိုဘာလ ၃ ရက်နေ့ ညက ကျင်းပခဲ့တဲ့ ယခုနှစ်အတွက် Miss Universe Myanmar 2013 ပြိုင်ပွဲမှာ အသက် ၂၅ နှစ်ရှိ မိုးစက်ဝိုင် ( ခါးနံပတ် ၁၆ )က ဆွပ်ခူးရရှိသွားပါပြီ။ 



မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ တိမ်မြုပ်နေခဲ့တဲ့ အခုလို မယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ကျင်းပနိုင် တာဖြစ်ပြီး ထူးဖောင်ဒေးရှင်းနဲ့ ညီနောင်ကုမ္ပဏီတွေက စပွန်ဆာပေးခဲ့ကြတယ်လို့ သိရပါတယ်။ 



မိုးစက်ဝိုင်အနေနဲ့ အခု Miss Universe Myanmar 2013 ဆုကို ငွေကျပ်သိန်း ၁၀၀ နဲ့ ရရှိခဲ့တာဖြစ်ပြီး ထူး ဖောင်ဒေးရှင်းက Honda Fit ကားတစီးလည်း ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ 



အခုလို Miss Universe Myanmar 2013 ဆုကို မိုးစက်ဝိုင်က ဆွပ်ခူးရသွားတဲ့အတွက် ရုရှားနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့ ကျင်းပမယ့် Miss Universe 2013 မယ်စင်္ကြာဝဠာပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ၀င် ရောက်ယှဉ်ပြိုင်ခွင့် ရသွားပြီလည်း ဖြစ်ပါတယ်။ 



မိုးစက်ဝိုင်ဟာ နိုင်ငံခြားမှာ ပညာသင်ကြားခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ကိုင်နေသူလည်းဖြစ် ပါ တယ်။ 

သူကတော့ အခုလို ဆုရတဲ့အပေါ် အရမ်းစိတ်လှုပ်ရှားနေပြီး ဒီ ဆုကို ရလိုက်တဲ့ အတွက် နိုင်ငံကို ကိုယ်စားပြုသူ အဖြစ် နားလည်ခံစားရတာကြောင့် သူ့ရဲ့ အပြောအဆို၊ အနေအထိုင်တွေကို အတော် သတိထားသွားရ မယ် လို့ စကိုင်းနက်နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားပါတယ်။ 

ဆုပေးပွဲမှာတော့ ပထမဆုံး အကြိမ်လည်းဖြစ်ပြီး အားနည်းချက်တချို့ကိုတွေ့လိုက်ရပါတယ်။
 

မိုးစက်ဝိုင်ကို Miss Universe Myanmar 2013 စိန်သရဖူဆောင်းပေးခိုက် လေ့ကျင့်ထားမှု မရှိသည် ကို ပေါ် လွင်ပြီး အဆင်မပြေစွာ သရဖူဆောင်းပေးခဲ့တဲ့ မြင်ကွင်းကတော့ မဖြစ်သင့်ပါဘူး။ 

 နောက်ဆုံး ဇကာတင် ပြိုင်ပွဲဝင် ၅ ဦး

ပဉ္စမဆုကို ခါးနံပတ် ၁၀ မေချစ်ပုံ၊ စတုတ္ထဆုကို ခါးနံပတ် ၁၉ နှင်းယမုံဦး၊ တတိယ ဆုကို ခါးနံပတ် ၁၅ မြတ်နှင်းဖြူ၊  ဒုတိယ ဆုကို ခါးနံပတ် ၄ အေးချမ်းမိုးတို့က အသီးသီး ရရှိသွားကြတာပါ။ 

 နောက်ဆုံး ဇကာတင် ပြိုင်ပွဲဝင် ၃ ဦး

 

အိမ့်သံစဉ် ~

2 comments :

  1. Unknown said... :

    မိုးစက်ဝိုင်အတွက်အရမ်းကိုဂုဏ်ယူရပါတယ်၊

  1. Unknown said... :

    မိုးစက်ဇာတ်ကားတွေရောရိုက်မှာလား/အရမ်းဂုဏ်ယူပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved