“The Irrawaddy” အောက်တိုဘာလထုတ် ထွက်ပြီ

Friday, October 4, 2013

 ~





အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေလိုက်တဲ့ အောက်တိုဘာလထုတ် The Irrawaddy မဂ္ဂဇင်း ထွက်နေပါပြီ။

ဒီမဂ္ဂဇင်းမှာ နိုင်ငံခြား ခရီးသည် ၀င်ရောက်မှု အမြင့်ဆုံးဖြစ်လာနိုင်တဲ့ ခရီးသွားရာသီကို မျှော်လင့်နေတဲ့ မြန်မာနိုင်ငံရဲ့ အားထုတ်မှုတွေကို ရေးသား ဖော်ပြထားပါတယ်။


ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အတွက် ပြင်ဆင်နေမှုတွေ၊ အကြို မြင်ကွင်းတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

အတွေးအမြင် ကဏ္ဍမှာတော့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေထဲက ဘယ်သူဟာ ခေါင်းဆောင်မှု တာဝန်ကို ဉာဏ်အမျှော်အမြင် ရှိရှိ ထမ်းဆောင်နိုင်မလဲ၊ မြောက်ကိုရီးယားနဲ့ ရှိခဲ့တဲ့ အငြင်းပွားဖွယ်ရာ ဆက်ဆံရေးကို အတိတ်မှာ
တကယ်ပဲ ထားခဲ့နိုင်ပြီလား စတဲ့အချက်တွေကို မေးခွန်းထုတ်ထားတာ ဖတ်ရှုရပါမယ်။

စီးပွားရေးကဏ္ဍမှာ နိုင်ငံတကာလေကြောင်းကုမ္ပဏီကြီးတွေ မြန်မာဈေးကွက်ထဲ ၀င်ရောက်လာရာမှာ ပြည်တွင်း လေကြောင်းလိုင်းတွေ ရင်ဆိုင်ကြရတဲ့ စိန်ခေါ်မှု အကြောင်းနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မြန်မာနိုင်ငံမှာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ပြိုလဲခဲ့ပြီးတဲ့နောက် ရပ်တန့်သွားရတဲ့ အကြွေးဝယ်ကတ်စနစ်ကို မြန်မာပြည်သူတွေ ပြန်လည် သုံးစွဲခွင့်ရရှိရေး ကြိုးပမ်းနေမှုတွေကို ရေးသားဖော်ပြထားပါတယ်။

စွန့်စားသွားလာခြင်း ကဏ္ဍမှာတော့ မြန်မာနိုင်ငံမှာ အင်အားအတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်တဲ့ ၀အဖွဲ့ရဲ့ နောက်ကို နှစ်ပေါင်း ၂၀ နီးပါး ခြေရာကောက် လိုက်ပါခဲ့တဲ့ ၀ါရင့်စာနယ်ဇင်းသမား တယောက် အကြောင်း အပြင် သေမင်းတမန်လမ်းမကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရန်ကုန်-နေပြည်တော် လမ်းမကြီးပေါ်မှာ ကားမောင်း ဖြတ်သန်းကြည့်ရတဲ့ အရသာကို ခံစားရပါလိမ့်မယ်။

လူနေမှု ဘ၀ ကဏ္ဍမှာတော့ ပျက်စီးပြိုလဲနေပြီ ဖြစ်တဲ့ စွန့်ပစ်ခံ မြို့တော်ဟောင်း တခုအကြောင်းက စပြီး လတ်တလော ပြန်လည် အသက်ဝင်လာတဲ့ ချင်းရိုးရာ လက်ယက်ထည်တွေရဲ့ အလှအပ အထိ၊ နိုင်ငံတလွှားမှာ တိမ်မြုပ်နေတဲ့ ရတနာတွေ အကြောင်းကို စူးစမ်း တင်ပြထားပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့က ပယ်ဖျက်ကားတွေ စွန့်ပစ်ရာ နေရာနဲ့ ပြင်ဦးလွင်မြို့ရဲ့ မြို့တွင်းလမ်းဘေး မြင်ကွင်းတွေကိုလည်း ရှာဖွေတင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံက ထင်ရှားကျော်ကြားသူတွေ ဖြစ်တဲ့ သမိုင်းပညာရှင် ဦးသန့်မြင့်ဦး၊ ပန်းချီပညာရှင် ဦးခင်မောင်ရင်နဲ့ ရုပ်ရှင် ဒါရိုတ်တာ အန်ထော်ဏီ တို့နဲ့ တွေ့ဆုံ မေးမြန်းခန်းတွေကိုလည်း ဖော်ပြထားပါတယ်။

အကယ်၍ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ ဘယ်ကိုသွားပြီး ဘာလုပ်သင့်တယ် ဆိုတဲ့ အချက်တွေ သိလိုရင်လည်း ဒီမဂ္ဂဇင်းရဲ့ စားသောက်ဆိုင် အညွှန်းကို ဖတ်ရှုနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အလျင်အမြန် ဖွံ့ဖြိုးလာနေတဲ့ မြို့ပြရဲ့ တခြား အချက်အလက် တွေကိုလည်း တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သိလိုရင် ဧရာဝတီ မဂ္ဂဇင်းကို ဖတ်ပါ။ လစဉ် ထုတ်ဝေနေတဲ့ ဧရာဝတီ မဂ္ဂဇင်းက လတ်ဆတ်သော အသေးစိတ် သတင်းတွေနဲ့ အတူ မြန်မာနိုင်ငံရဲ့ လူသိများတဲ့၊ လူသိမများသေးတဲ့ နေရာတွေဆီ သင့်ကို ဆွဲဆောင် ခေါ်ယူသွားပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ မျက်မှောက် နိုင်ငံရေး အခြေအနေတွေကို လွတ်လွတ် လပ်လပ် ရေးသားတင်ပြနေတဲ ဧရာဝတီ ပုံနှိပ် မဂ္ဂဇင်းကို မှာယူ ဖတ်ရှုတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။


မြန်မာနိုင်ငံတွင်းက မှာယူလိုသူတွေ အနေနဲ့ ရန်ကုန် ဧရာဝတီရုံးကို တိုက်ရိုက်မှာ ယူနိုင်ပါပြီ။

မိုဘိုင်းဖုန်း - ၀၉၄ ၂၁၇၄၃၇၅၄
အမှတ် ၁၉၇၊ ဒုတိယထပ်၊ ၃၂ လမ်း (အထက်)
ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်။


အွန်လိုင်းကနေ မှာယူလိုသူတွေ အနေနဲ့ ကျေးဇူးပြုပြီးအောက်ပါ Link ကို နှိပ်ပါ။
http://burma.irrawaddy.org/subscriptions

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved