Miss universe Myanmar ၂၀၁၃ ဘယ်သူရမှာလဲ

Thursday, October 3, 2013

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ အမျိုးသား ဇာတ်ရုံမှာ မကြာမီအချိန်အတွင်း ကျင်းပတော့မယ် Miss Universe Myanmar 2013 ပြိုင်ပွဲကြီးမှာ အခမ်းအနားမှူးအနေနဲ့ပါဝင် ဆောင်ရွက်မှာကတော့ လူငယ်တွေ အကြိုက်ဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်။ 

ဓာတ်ပုံ-Miss Universe Myanmar .com

 သူရဲ့ကိုယ်ပိုင် face book accountမှာ ရေးသားထားတာကတော့ “I will be the Host for miss universe myanmar 2013.တဲ့။ .နှစ်ပေါင်း 50 ကြာ အတွင်းပထမ ဆုံးအကြိမ်အဖြစ် miss universe ပွဲကို  မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ဖို့ မြန်မာ့အလှမယ်ရွေးပွဲကို မနက်ဖြန်ကျရင် အမျိုးသားဇာတ်ရုံမှာ ကျင်းပ ပါမယ်။ အဲဒီပွဲမှာ ကျနော်မောင်စိုင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပါမယ်ခင်ဗျား’’ လို့  စိုင်းစိုင်းခမ်းလှိုင်က ယမန်နေ့ ညက သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာကို   ဖော်ပြပေး လိုက်တာဖြစ်ပါတယ်။ 

စိုင်းစိုင်ခမ်းလှိုင်နဲ့ အတူ အခမ်းအနားမှုးဖြင့် ဆောင်ရွက်ပေးမှာကတော့ Telent & Models Aagency က  တင်မိုးလွင်တို့က ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

ယနေ့ကျင်းပမယ့် အခမ်းအနားမတိုင်မီကတည်းက တင်မိုးလွင်မှ ဦးစီးလေ့ကျင်ပေးသင်ကြားမှုတွေလည်း ရှိခဲ့ပါတယ်။ 



ယနေ့ အခမ်းအနားအဖွင့်မှာ ပြိုင်ပွဲဝင် Miss Universe Myanmar အဖြင့် ရွေးချယ်ထားသူ အယောက်  ၂၀ ကျော်က မြန်မာသီချင်း အကဖြင့် ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။ Miss Universe Myanmar 2013 ကို ဘယ်သူ ဆွတ်ခူးရရှိမယ်ဆိုတာကို ရင်ခုန်စွာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

အိမ့်သံစဉ်~



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved