SNLD ပါတီတည်ထောင်ခြင်း ငွေရတု ပွဲတော် လားရှိုးမှာ ကျင်းပမယ်

Friday, October 25, 2013

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် နိုဝင်ဘာလဆန်းပိုင်းတွင် ပါတီ ၂၅ နှစ်ပြည့် 
ငွေရတု ပွဲတော် ကို လားရှိုးမြို့တွင် ကျင်းပသွားမည်ဟု သိရသည်။ 


 SNLD ဆိုင်းဘုတ်တင်ပွဲ တခုတွင်တွေ့ရသည့် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဓာတ်ပုံ- SNLD

ပထမဆုံး ပါတီအဖွဲ့ဝင်စုပေါင်းကျင်းပမည့် ပွဲဖြစ်သည့်အတွက် မြို့နယ် စုံ ပါတီအဖွဲ့ဝင် ပါဝင်ကြောင်း၊ ပါတီဝင်များကိုလည်း SNLD ၏ မူဝါဒနှင့် ပတ်သကင်ပြီး တင်ပြသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ဧရာဝတီသို့ပြောသည်။ 

“ ဒီပွဲမှာတော့ ထွေထွေထူးထူး ဘာမှမလုပ်ပါဘူး။ ပါတီရဲ့ မွေးနေ့ပွဲအနေနဲ့ ကျင်းပတာပါ။ ၂၀၁၅ ခုနစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးရမှာပေါ့။ ကျန်တာတော့ ပါတီအဖွဲ့ဝင်တွေ လုပ်ဆောင်နေကြတယ်” ဟု ဦးခွန်ထွန်းဦးက ဆိုသည်။ 

SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ... နိုင်ငံရေးပုံစံဖြင့် ငွေရတုပွဲတော်ကို ကျင်းပသွားမည်ဖြစ်
ကြောင်း၊ မြို့နယ်အလိုက် စာတမ်းဖတ်ပွဲများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြော သည်။ 

“ ကျနော်တို့ ပါတီရုံးထောင်ဖွင့်တဲ့ နေရာက လူတွေအားလုံးကို ဖိတ်ထားပါတယ်။ လူအယောက် တထောင် လောက် စီစဉ်ထားပါတယ်။ တကယ်ငွေရတု ပြည့်တာက ဒီလ ၂၆ ရက်ပါ။ အကြောင်းအမျိုးမျိုး
ကြောင့် နောက်လ ၉ ရက်နဲ့ ၁၀ ရက်နေ့ လုပ်ဖြစ်သွားတာပါ” ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။ 

SNLD သည် ရှမ်းပြည်နယ်တွင် လူထုထောက်ခံမှု အများအပြား ရရှိခဲ့သည့် ပါတီကြီးဖြစ်သည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် SNLD က ၎င်းတို၏့ခေါင်းဆောင်များ အကျဉ်းချခံခဲ့ရသဖြင့် ပါတီကို ပြန်လည် မှတ်ပုံတင်ခြင်း မပြုခဲ့ပေ။ 

SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ဒုတိယ အများဆုံး အနိုင်ရခဲ့သည့် ပါတီ ဖြစ်သည်။ 

နန်းဆိုင်နွမ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved