7Dayမှာ တွေ့ရတဲ့ သမ္မတရဲ့ အမျိုးသမီးကိုယ်ရံတော်

Wednesday, November 20, 2013

~


  ဒီနေ့ထွက်တဲ့ဂျာနယ်များထဲမှာ ဆွဲဆောင်မှုအရှိဆုံးက 7Day ဂျာနယ် ဖြစ်ပါလိမ့်မယ်။
သတင်းထောက် အေးသူစံ ရေးသားတဲ့ "သမ္မတ၏အမျိုးသမီးကိုယ်ရံတော်" ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးနဲ့ဓာတ်ပုံကြောင့် စာဖတ်သူ အများအပြား ဒီဂျာနယ်ကို ကောက်ကိုင်မိကြပါလိမ့်မယ်။
 


(အထူးတပ်ဖွဲ့ Special Task Force ရဲ့ လေ့ကျင့်ရေးကွင်းမှာ သင်ကြားပို့ချနေတဲ့ ဒုရဲအုပ် ဒေါ်ဇာဇာအောင်ရဲ့ပုံကို ဂျာနယ်မျက်နှာဖုံးမှာ အခုလို တွေ့ရပါတယ်)

ကိုယ်ရံတော်အမည်က ဒုရဲအုပ် ဒေါ်ဇာဇာအောင်။ ၂၀၀၃ မုံရွာတက္ကသိုလ် သမိုင်းအဓိကနဲ့ ဘွဲ့ရ။
သင်တန်းမှာ အကောင်းဆုံးသင်တန်းသား၊ သေနတ်ပစ် လက်အဖြောင့်ဆုံး။
အထူးတပ်ဖွဲ့ဝင် ၂ဝဝ ထဲက ဆန်ခါတင်ရွေးချယ်ထားတဲ့ သမ္မတလုံခြုံရေးအရာရှိများထဲက အမျိုးသမီး ၄ ဦးထဲမှာ သူက တယောက်အပါအ၀င် ဖြစ်တယ်၊ ဦးသိန်းစိန် သမ္မတရာထူးရကတည်းက  ကိုယ်ရံတော်တာဝန် ထမ်းခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ပိန်ပိန်သွယ်သွယ် သာမန်အရပ်သူ လို့ ထင်ရပေမယ့် ယောက်ျားကြီးငါးယောက်လောက်ကို တပြိုင်နက် လှဲသတ်နိုင်တဲ့အထိ အသတ်အပုတ်ကျွမ်းကျင်ကြောင်း ညွှန်းထားပါတယ်။

ဆောင်းပါးရှင် သတင်းထောက် အေးသူစံရဲ့ ဒီမျက်နှာဖုံးဆောင်းပါးကို စာဖတ်သူ အများအပြားက သဘောကျနေကြပါတယ်။



.

6 comments :

  1. Anonymous said... :

    ဆောင်းပါးထဲမှာ ဘကြီးက(ဦးသိန်းစိန်) ကျွန်မတို့ကို တစ်လ၃၀၀၀၀ကျပ်ပေးတယ် အဲ့ဒါကို သုံးပြီးကျန်တဲ့ လစာအကုန်အိမ်ကို ပို့တယ်ဆိုတာတွေ့ မိတော့ ဦးသိန်းစိန်ရဲ့ စေတနာရော သူ့မှာငွေမပေါတာရောကို တစ်ပြိုင်တည်း ခံစားလို့ ရသလို အစိုးရ၀န်ထမ်းတွေကိုလည်း သနားမိတယ်။ ဖြေသိမ့်ရတာတော့ သူ့ဘကြီးရော သူရော ပျော်နေရင် ပြီးတာပါပဲပေါ့။

  1. Unknown said... :

    အမျိုးသားကိုယ်​ရံ​တော်​များဆိုပိုသင့်​​တော်​ပါတယ်​။
    သမ္မတ ကအမျိုး သမီးမှ မဟုတ်​တာ ။

  1. Unknown said... :

    အဲ့ဒီ အမျိုးသမီး​တွေထက်​​တော်​တဲ့​ယောကျာ်း​တွေနိုင်​ငံထဲမှာ မရှိ​တော့လို့လား။
    အမျိုးသမီးကိုယ်​ရံ​တော်​ဟာ သမ္မတ အတွက်​ထက်​ သမ္မတ ဇနီးအတွက်​ဆိုပိုသင့်​​တော်​ပါတယ်​။

  1. Anonymous said... :

    ကိုရီးယားကမြို့ပြမုဆိုးဆိုတဲ့ ကားကိုကြည့်ဘူးမယ်ထင်ပါတယ် ၊ တကယ်တော့ တာဝန်ထမ်းဆောင်ရာမှ ထူးချွန်ရင် ယောကျာ်းမိန်းမ မခွဲသင့်ပါဘူး။

  1. Unknown said... :

    Anonymous​ရေ_ City Hunter DramaထဲကPark Min Young(Kim Na Na)ကိုအားကျတာ လက်​ခံပါတယ်​။ဒါကဇတ်​လမ်းတွဲ​လေ။လက်​​တွေ့မှမဟုတ်​တာ။ နိုင်​ငံတကာနဲ့ခိုင်းနှိုင်းရမှာ။South Korea President _Park Geun Hye​တောင်​အမျိုးသမီးကိုယ်​ရံ​တော်​မရှိဘူး။ အမျိုးသမီး၊ အမျိုးသားခွဲခြားတာမဟုတ်​ပါ။ ကိုယ်​လည်းအမျိုးသမီးပဲ။ အမျိုးသမီး​တွေကို အခွင့်​အ​ရေး ​ပေးတာသ​ဘောကျတာ​ပေါ့ ဒီ​နေမျိုး​တော.မဟုတ်​ဘူး။ သမ္မတ အကြံ ​ပေး၊ဝန်​ကြီးတို့လို​နေရာမျိုး​ပေါ့။ သမ္မတ ရဲ့ကိုယ်​ရံ​တော်​ဟာ ဟန်​ပြအတွက်​ဆိုရင်​​တော့ ဘာဖြစ်​ဖြစ်​အ​ကြောင်းမဟုတ်​ပါ။ ဥာဏ်​ပညာပိုင်းမှာ​တော့ အမျိုးသမီး​တွေဟာ အမျိုးသား​တွေနဲ့ရင်​​ပေါင်​တန်းနိုင်​ကြတာ​ပေါ့။ တကယ်​အ​ရေးကြုံလာရင်​​တော့ ကာယစွမ်းရည်​မှာ အမျိုးသား​တွေက ပိုစွမ်း​ဆောင်​နိုင်​ကြတယ်​​လေ။လျှပ်​စစ်​ဓာတ်​အားခ​တွေ တိုး​ကောက်​​တော့မဲ့ သမ္မတ ကြီးအတွက်​စိုးရိမ်​လို့ ♥♥

  1. Anonymous said... :

    အမျိုးသမီးတွေ အိမ်မှာနေပြီး အိမ်ရှင်မလုပ်ရမည့်ခေတ်ကုန်နေပါပြီ။ ထူးချွန်ပြီး ထက်မြက်ရင် ယောင်္ကျား၊မိန်းမဆိုပြီး ခွဲခြားမှု ရှိမနေသင့်တော့ပါဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved