ဒီနှစ်အတွက် စွဲမက်ဖွယ်အကောင်းဆုံးအမျိုးသား

Thursday, November 21, 2013

~


  ကမ္ဘာကျော် People မဂ္ဂဇင်းက ဒီနှစ်အတွက် စွဲမက်ဖွယ်အကောင်းဆုံးအမျိုးသားအဖြစ် ဘယ်သူ့ကို ရွေးလိုက်ပါသလဲ။

အမေရိကန် မဂ္ဂဇင်း ဆိုတော့လည်း သူတို့ဆီက ကြည့်အကောင်းဆုံးတွေထဲက တယောက်ကို ရွေးလိုက်ပါတယ်။ သူကတော့ Adam Levine  ဆိုတဲ့သူပါ။



အသက် ၃၄ နှစ်။ အထင်ကရ အဆိုတော်။
 Maroon 5 တီးဝိုင်းရဲ့ အဆိုတော်။
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့သား။ အရပ်က  ၆ ပေ။

သူနဲ့စေ့စပ်ထားတဲ့ Behati Prinsloo ကို လက်ထပ်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးက နာမည်ကျော် Victoria's Secret ရဲ့ မိုဒယ် ဖြစ်ပါတယ်။

သူ့အကြောင်း သတင်းတွေဖတ်ပြီး ရေးကြတဲ့ မှတ်ချက်တွေကို ကြည့်ရတာ ပရိသတ်အများစုရဲ့အချစ်တော်တော့ ဟုတ်ဟန် မတူပါဘူး။

အမေရိကန် မဂ္ဂဇင်းက သူ့ကို ရွေးလိုက်တာဟာ ပရိသတ်နဲ့သဟဇာတဖြစ်မဖြစ်ကို မကြည့်ဘဲ ကြည့်ကောင်းသလား ဆွဲဆောင်မှုရှိသလား ဆိုတဲ့ အချက်တွေကိုပဲ ကြည့်တယ်လို့ ယူဆရပါတယ်။

ဒီတပတ်ထုတ် People ကို သူ့ဓာတ်ပုံနဲ့ ထုတ်ပါပြီ။
သူ့ပရိသတ်၊  People ပရိသတ်က ၀ယ်ဖတ်ကြပါလိမ့်မယ်။

 People  မဂ္ဂဇင်းက နှစ်စဉ်နှစ်တိုင်း ဒီလို ရွေးချယ် ထုတ်ပြန်လေ့ရှိပါတယ်။ အဆိုတော်တယောက်ကို ရွေးချယ်တာ ဒါ ပထမဆုံးပဲ တဲ့။ ခါတိုင်းတော့ ရုပ်ရှင်မင်းသားများကိုပဲ ရွေးခဲ့ဟန် တူပါတယ်။

ဒီအဆိုတော်က စင်ပေါ်မျာ အ၀တ်အစားတွေ ချွတ်ပြလေ့ရှိတယ်လို့ ၀ါရှင်တန်ပို့စ်သတင်းစာ ဘလော့စာမျက်နှာက သတင်းတပုဒ်မှာ ထောက်ပြထားပါတယ်။
ဒီအချက်ကြောင့် ဆွဲဆောင်မှုအရှိဆုံး ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်လို့ အဲဒီသတင်းမှာ ခနဲ့ထားပါသေးတယ်။

ဒီမဂ္ဂဇင်းက တပ်မက်ဖွယ်အကောင်းဆုံးအမျိုးသားကို  နှစ်စဉ် ရွေးလာတာ ၁၉၈၅ ကတည်းက လို့ ဆိုပါတယ်။
အရွေးခံရသူစာရင်းကို လိုလိုမယ်မယ် ကူးပေးလိုက်ပါတယ်။

ဒီသတင်းနဲ့ ဆက်စပ် ဖတ်သင့်တာကတော့  အမေရိကန် ကြက်သွန်နီစာစောင်က ရွေးလိုက်တဲ့ - ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသား  http://blog.irrawaddy.org/2012/11/blog-post_6913.html သတင်း ဖြစ်ပါတယ်။

1985: Mel Gibson

1986: Mark Harmon

1987: Harry Hamlin

1988: John F. Kennedy Jr.

1989: Sean Connery

1990: Tom Cruise

1991: Patrick Swayze

1992: Nick Nolte

1993: Richard Gere and Cindy Crawford (sexiest couple)

1994: No one – possibly a lack of sexiness that year.

1995: Brad Pitt

1996: Denzel Washington

1997: George Clooney

1998: Harrison Ford

1999: Richard Gere (again)

2000: Brad Pitt (again)

2001: Pierce Brosnan

2002: Ben Affleck

2003: Johnny Depp

2004: Jude Law

2005: Matthew McConaughey

2006: George Clooney (again)

2007: Matt Damon

2008: Hugh Jackman

2009: Johnny Depp (again)

2010: Ryan Reynolds

2011: Bradley Cooper

2012: Channing Tatum

2013: Adam Levine



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved