မြန်မာကြိုက် ကမ္ဘာကြိုက် AᗺBA သီချင်းများ ရန်ကုန်မှာကြားရမယ်

Tuesday, November 19, 2013

~



ဒီလရဲ့ နောက်ဆုံးရက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ စိတ်ဝင်စားစရာ စတိတ်ရှိုးတခု ရှိနေပါတယ်။
၁၉၇၀ နှစ်များတုန်းက ကမ္ဘာတလွှား လူကြိုက်များခဲ့တဲ့ 
AᗺBA ပေါ့ပ်ဂီတအဖွဲ့ ရဲ့ သီချင်းတွေကို ဆွီဒင် အဆိုတော်များ ပြန်ဆိုကြမယ့် အစီအစဉ်ပါ။

 

(AᗺBA သီချင်းများ ရန်ကုန်မှာကြားရမယ့် အစီအစဉ်အကြောင်း ရှင်းလင်းပွဲ)

မြန်မာပြည် စတီရီယိုခေတ်ဦးမှာ  အဲဒီသီချင်းတွေကို မြန်မာမှုပြုခဲ့ကြ၊  မြန်မာပရိသတ်တွေ လက်ခံခဲ့ကြပါတယ်။
အဲဒီခေတ်ဦးသီချင်းတွေကိုနှစ်သက်ခဲ့ကြတဲ့ ပရိသတ်များက ဒီပွဲကို သေချာပေါက် စိတ်ဝင်စားကြပါလိမ့်မယ်။

မြန်မာပြည်မှာ နိုင်ငံတကာက တေးဂီတအဖွဲ့များ ဖျော်ဖြေတင်ဆက်မှု စဉ်ဆက်မပြတ် ရှိလာနေပါတယ်။

အဆိုပါ ဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး စနေနေ့က ရန်ကုန်မှာ  စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်ပါတယ်။
ပွဲစီစဉ်သူ ဦးပီးပေါ်က  ABBA အဖွဲ့သီချင်းများဖြင့် တင်ဆက်ပွဲဖြစ်ရန် စီစဉ်ထားသည်မှာ အချိန်အတော်ကြာပြီ လို့ ပြောပါတယ်။

အဲဒီညနေ  နိုဝင်ဘာ ၃၀ စနေနေ့ ညနေ  ၇းဝဝ မှာ လုပ်မယ့်ပွဲအတွက်  လက်မှတ်နှုန်းထားများကတော့ အစားစားပါပဲ။ သောင်းဂဏန်း ပေးရပါလိမ့်မယ်။

  • ၆ဝ,ဝဝဝ
  • ၄ဝ,ဝဝဝ
  • ၂၅,ဝဝဝ
  • ၁ဝ,ဝဝဝ
အများစုက ခုံနဲ့ ကြည့်ရပါမယ်။
ကျပ်တသောင်းတန် လက်မှတ် ၀ယ်သူတွေကတော့ ခုံမဲ့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ မတ်တပ်ရပ် အားပေးရပါလိမ့်မယ်။ စင်နဲ့လည်း အတော်လေး ဝေးဖွယ် ရှိပါတယ်။

ဆွီဒင်အဖွဲ့ ရန်ကုန်မှာတင်ဆက်မယ့် ကမ္ဘာကျော် အက်ဘာသီချင်းများနားဆင်ဖို့ လက်မှတ်ဝယ်မယ် ဆိုရင် Yangon Life Co.,Ltd ၊ ဖုန်း- 01 505 175 ၊ 09 862 4189 နှင့် Call centre 1876 တို့ကို  ဆက်သွယ်၍ ၀ယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီပင်မ စာမျက်နှာမှာလည်း ဒီအကြောင်းကို ဖော်ပြပြီးပါပြီ။ ခေါင်းစဉ်က - ABBA သီချင်းတွေ ရန်ကုန်မှာ လာဆိုမယ့် Arrival from Sweden  ဖြစ်ပြီး၊ လင့်ကတော့ http://burma.irrawaddy.org/entertainment/2013/11/18/51056.html ဖြစ်ပါတယ်။

ABBA အဖွဲ့ရဲ့ တေးသီချင်းတွေကို မြန်မာပရိသတ် အများအပြား နားထဲစွဲနေပြီးသားပါ။
ရန်ကုန်လာရောက်ဖျော်ဖြေမယ့် အဖွဲ့က Arrival from Sweden ဖြစ်ပါတယ်။ ဒီအဖွဲ့ က တကမ္ဘာလုံးမှာ လူကြိုက်များအထင်ရှားဆုံး ABBA tribute band ဖြစ်ပါတယ် တဲ့။

Tribute Band ဆိုတာကတော့ တချိန်တခါက ပရိတ်သတ်ကြားမှာ ကျော်ကြားခဲ့တဲ့ အနုပညာရှင်များရဲ့  တေးဂီတများ ပရိသတ်များကြားထဲမှာ အမြဲတမ်း  ရှင်သန်ပျံ့လွင်နေစေရန် ရည်ရွယ်ပြီး ထိုအနုပညာရှင်ကြီးများရဲ့ လက်ရာအတိုင်း တသွေမတိမ်း ဖျော်ဖြေတင်ဆက်သည့် တေးဂီတအဖွဲ့ ဖြစ်ပါတယ် တဲ့။

  • ရန်နောင် (ဗိုလ်တထောင်) ရေးသားသည်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved